Chapter 64

7.6K 369 14
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 64

"ပူတူးရေပဲချိူးနော် ဘာဆပ်ပြာမှမသုံးနဲ့...ဆပ်ပြာကိုလက်နဲ့တောင်မကိုင်နဲ့ သိပ်မကြာစေ...."

"သိပါတယ် ကိုကိုရေ ဘယ်လိုတောင်ဖြစ်နေတာလဲ"

သူကအပြင်ကနေ ရေချိူးခန်းထဲကသူမကို ကလေးဒိုက်ပါတွေလဲပေးရင်း ပြောတော့ သူမကလည်း အထဲကနေသူ့ကိုပြန်ပြောသည်။

"လျှော်ရမှာတွေထားလိုက် ကိုယ်လျှော်လိုက်မယ် ထားလိုက်"

အထဲကသူမကိုသာ အဝတ်အစားတွေသူလျှော်မယ်ပြောနေတာ သူရှေ့ကအကောင်ပေါက်လေးတွေကိစ္စတောင် သူမှာမပြီးသေး။ပထမတုန်းကတော့ သမီးလေးတစ်ယောက်ပဲဆိုးတာ အခုတော့ အနေအအေးဆုံးသားလတ်လေး ကောင်းခြင်းစေရာ ကို သမီးနဲ့တွဲထားလိုက်တာ သူပါမနိုင်စိန်ဖြစ်နေရသည်။ဘာလို့ဆို သူညီမငိုရင်သူရောငိုပါလေရော တကယ့်ကောင်။

"သားကြီးက အနေအေးလိုက်တာနော်"

သူက အေးစက်လွန်းတဲ့ သားအကြီးဆုံးလေးကို  မြူလိုက်ပင်မဲ့ ရေခဲတုံးလေးက သူမျက်နာကို တစ်ချက်သာကြည့်ပြီး မွေ့ယာပေါ်တင်ထားတာဖြစ်တာကြောင့် ပက်လက်လေးကနေသူကို မမြင်ချင်တဲ့ပုံစံနဲ့ တစ်ဖက်လှည့်ကာ မှောက်သွားသည်။နှစ်လသားလေးတွေဖြစ်နေတော့ အရမ်းကိုလည်နေတာ။

"ဘူးးးးးး"

သူကသားကြီးလေးရဲ့ အလည်ပုံစံကိူကြည့်ကာစွံ့အနေတုန်းရှိသေး သူကိူ ဘူးးးး ဆိုပြီးမှုတ်ပြနေတဲ့ အငယ်ဆုံးသားလေးကြောင့် သူကဗိုက်လေးကို လက်ညှိုးလေးနဲ့ထိုးလိုက်တော့ သွားဖုံးလေးတွေပေါ်အောင်ရီပြတာကြောင့်။ကမ္ဘာဦးခိုက်လေးနဲ့ကြအတော်အဆင်ပြေတယ်ပြောရမည်။

ဖက် ဖက် ဖက်

သူကတစ်ဖက်ဖက်ဆိုသောအသံကြောင့် အနေအေးတဲ့နှစ်ယောက်နှစ်ယောက်နဲ့ခွဲထားတဲ့ မောင်နှမနှစ်ယောက်ဆီအကြည့်ရောကါသွားတော့ ကောင်းခြင်းစေရာ လေးရဲ့လက်မောင်းလေးကို သူ့အသည်ပေါက်လေး ဖွေးဖွေး ကရိုက်နေတာကို အစ်ကိုဖြစ်သူကလည်း ရီနေတာ တခစ်ခစ်နဲ့။သြော် ကြီးလာတဲ့အခါကြရင်တော့ ပါတီနှစ်ခုကွဲနေတော့တာကို မြင်ယောင်လာသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now