Chapter 65

8K 411 6
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 65

~~မောင်သူ့ထက်မြတ်သာ ၊ မောင်ကောင်းခြင်းစေရာ ၊ မောင်ကမ္ဘာဦးခိုက် ၊ဆောင်းနှင်းဖွေးဖွေး (ခ) မအသည်းသက် တို့၏ ရက် 100 ပြည့် မွေးနေ့အလှူ~~

ဆိုတဲ့စာသားကို မိဘမဲ့ဂေဟာကျောက်သင်ပုန်းမှာရေးထားသလို ကလေးတွန်းလှည်းထဲက မောင်နှမ 4ယောက်ကလည်း သူတိုဒါနပြုတာလေးကို စားနေကြတဲ့ ကလေးတွေကို တဝူးဝူးပြောကာ သူတို့ရဲ့မိဘနှစ်ပါးကလည်း ကြည်နူးနေကြသည်။

သမီးလေးက တဝူးဝူးပြောရင်းလက်လေးကိုလှုပ်နေတာကြောင့် မနက်ကအိမ်မှာလုပ်တဲ့မွေးနေ့ပွဲကိုလာရင်း ကိုနေက သူ့သားတွေအတွက်တော့ဘာဝယ်ပေးရမှန်းမသိလို့ နောက်ကြမှဝယ်ပေးမယ်ဆိုကာ သမီးလေးအတွက်တော့ စိန်လက်ကောက်လေးကိုမှပလက်တီနမ်ကြိုးလေးနှစ်ချောင်းပါသေးသည်။အဲ့တာကတော့ ကိုနေ သမီးလီလီပန်းသွေးလေးနဲ့ ဆင်တူလေးဖြစ်ကာ တန်ဖိုးကတော့နည်းမှာမဟုတ်။

"အခုလိုလှူတန်းရတဲ့ အကျိူးအားကြောင့် ကံကောင်းလွန်းတဲ့ ကလေးလေးတွေ ဘဝတစ်လျှောက် ပျော်ရွှင်စွာမိသားစုစုံလင်စွာ ဖြတ်သန်းနိုင်ဖို့ဆုတောင်းပေးပါတယ်"

မိဘမဲ့ဂေဟာကဆရာမကြီးကသူတို့အနားလာကာ ဆုတောင်းပေးတော့ သူမကပြုံးပြလိုက်ပင်မဲ့ Mine ကတော့ ကမ္ဘာပေါ်မှာ ဖြစ်တည်မူခြင်းမတူတဲ့ လူဘဝအကြောင်းကိုတွေးမိသည်။သူထက်စာရင် ဒီကလေးလေးတွေက မိဘမဲ့ဆိုပင်မဲ့ မေတ္တာပေးမဲ့သူတွေရှိပါသေးတယ်လို့တွေးမိပင်မဲ့ သူကလေးတွေနဲ့ယှဥ်လိုက်မိတော့ စိတ်ထဲမကောင်းဖြစ်သွားရတာကြောင့် သူအတွေးထဲသနားစိတ်တွေဝေနေရသည်။သူဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေကြောင့် သူကအနေတည်ပြီးတော်ယုံဆို စကားတောင်တစ်လုံးနှစ်ထက်ပိုမပြောပင်မဲ့ သူစိတ်ကတော့အများထင်သလောက်အေးစက်တာတော့မဟုတ်ပေ။

"ကိုကို ဆရာမကြီးကဆုတောင်းပေးနေတယ်လေ တစ်ခုခုပြန်ပြောလိုက်ဦးလေ"

"အော် ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ်"

ဆရာမကြီးပြောလိုက်တာ ဘာမှန်းမသိပင်မဲ့သူမကပြန်ပြောလိုက်ဦးဆိုတာကြောင့် သူကျေးဇူးတင်တယ်ဆိုတာကိုသာပြောလိုက်ရသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now