Part 6

8K 453 4
                                    

"ဆေးဝယ်ခိုင်းလိုက်တာလား မောင်"

"ဟုတ်တယ် မမ"
နှင်းဆီက အားနာသည်ထင်သည် ချက်ချင်းကိုပင်

"ဆေးဖိုး မမပေးမယ်နော်"

"တစ်စိမ်းဆန်တဲ့စကားတွေ မပြောပါနဲ့ မမရယ်
ဆေးကနည်းနည်းလေးပါ မောင့်အတွက်အပမ်းမကြီးပါဘူးနော် "

"ဒါနဲ့ မောင်က ဆေးဘက်မှာကျွမ်းကျင်တာလား"

မေးမှ မေးပါ့မလားတွေးနေခဲ့သည့်မေးခွန်း အမရာက ဆရာဝန်လောင်းတစ်ယောက်ပါလို့ သူမကိုဂုဏ်ယူစွာဖြေချင်ခဲ့သည်လေ

"ကျွမ်းမှာပေါ့ မောင်က.."

"မမလေး ဖုန်းလာနေတယ်"

မိန်းကလေးတစ်ယောက်ဖုန်းကိုင်ပြီး ထွက်လာတာမို့ အမရာပြောချင်သည့်စကားစ ပြတ်သွညးရပြန်သည်
(ကောင်းပြီဆို ဖြတ်ပြီ)

"ပေး စန္ဒီ ဖုန်းပေး"

သူမပြောနေတာလေးငြိမ်ပြီး နားထောင်နေမိသည် အလုပ်ကိစ္စများပြောနေခြင်း​ဖြစ်သည်
ခြံအကြောင်း ပစ္စည်းချမည့်အကြောင်း စုံလိုပင်

အလုပ်ကိစ္စပြောနေတော့လဲ တည်ကြည်လှသည်
(ခက်ပါပြီ
အခုလိုလေးလဲ ချစ်ဖို့ကောင်းနေတာပဲ)

"လူလေးဆေးရပြီ"

ထိုအိမ်မှ ယာဥ်မောင်းဦးလေးကြီးက ဆေးဝယ်ပြီးလာပေးသည်
အမရာဆေးထုတ်ကိုယူလိုက်ပြီး နှင်းဆီခြေထောက်နားပြန်ထိုင်လိုက်တော့ နှင်းဆီဖုန်းပြောနေရင်း တုံ့ကနဲဖြစ်သွားသည်

အမရာ့ကို ဆေးအတင်းထိုးမဲ့ ဆရာဝန်ဆိုးဆိုးတစ်ယောက်လို အ​ကြည့်နဲ့ ကြည့်နေသည်သာ

အမရာတို့ ဆေးကျောင်းသားတိုင်း လေ့လာရတဲ့ဘာသာရပ်တွေထဲမှာ ဘာသာရပ်နှစ်မျိုးကို အစွမ်းကုန်ကျွမ်းကျင်ကြသည်

အဲ့တာတွေက...
မျက်နှာရိပ် မျက်နှာကဲ(Facial Expression) နဲ့ အပြုအမူ(Behaviour) ဖတ်တာဆိုတဲ့ ဒီနှစ်ခုကို အဓိကကျွမ်းကျင်ကြသည်

အမရာ့ရှေ့က ဒီလူနာလှလှလေးက အမရာ့ကို ကလေးတစ်ယောက်လို အကူအညီတောင်းသည့်ပုံနဲ့ကြည့်နေသည်

အမရာ ခြေကျင်းဝတ်ကို လိမ်ဆေး​အေးအေးလေး စိမ့်ဝင်နေအောင်လိမ်းပေးသည်
ဖုန်းချသွားသော်လည်း သူမကတော့အမရာ့ကို ငြိမ်၍သာကြည့်နေသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now