Part 26

7.8K 456 14
                                    

"ဘယ်လို"

အမရာထင်ထားသလို ထိုအနမ်းက အားပေးခြင်းမျိုးမဟုတ်ပဲ
သူမကိုအရှုံးပေးစေချင်သည့် နှစ်သိမ့်အနမ်းပါ

"တို့ကို မောင်တကယ်ချစ်မချစ် သိချင်တယ်
ချစ်ရင် မောင်ရှုံးအောင်ပြိုင်ခဲ့ပေး"

"မောင် အရှုံးပေးမှ ချစ်တယ်ဆိုတာသိမှာလား မနှင်းဆီ
မောင်ဘက်က ဒီလောက်ထိ..."

အမရာ အသံတိမ်ဝင်သွားသည်

"မောင်က မနှင်းဆီအတွက်ဆို ...
သေးသေးလေးကအစတွေးပြီး ချစ်ခဲ့တာ ဂရုစိုက်ပေးခဲ့တာလေ
မလုံလောက်ဘူးလား မနှင်းဆီရယ်
မနှင်းဆီချစ်ပါတယ်ဆိုတဲ့ မောင့်ကိုကျရှုံးသွားတာမြင်ချင်တာလား"

"ဟင့်အင်း.. တို့မောင့်အချစ်ကိုပဲ မြင်ချင်တာ"

အမရာ အချိန် သုံးမိနစ်လောက်ကြာအောင် ငြိမ်သက်နေမိသည်
အမရာ မနှင်းဆီရဲ့အ​​ဖြေကို ကျေနပ်ပါသည်

အမရာ သူမလက်ကလေးကို ကိုင်ကာနမ်းသည်
"ဒီမှာ အန္တရာယ်များတယ်
စည်းထဲက​နေမောင့်ကို စောင့်နေနော်"

ခရာတွတ်သံတစ်ချက်ကြားတော့ အမရာ ကားပေါ်တက်သွားသည်
ကားထွက်တော့ အမရာတွေဝေနေခြင်းမရှိပါ တစ်ဟုန်ထိုးမောင်းထွက်သွားခဲ့သည် အမရာ ဝဏ္ဏကိုလုံးဝအသာစီးယူပြီး ကွင်းပြည့်ပတ်ခဲ့သည်

ဘယ်သူထင်ထားမှာလဲ
အရှုံးပေးခိုင်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ
သို့သော်လဲ ချစ်သည်
အရှုံးပေးရမယ်ဆိုရင်တောင် ချစ်လွန်းလို့ အရှုံးပေးပါမည်

ပြိုင်ရမည်က ကွင်းသို့​နှစ်ပတ်
သို့သော်လည်းအမရာတစ်ပတ်သာပတ်ပြီး ကားကိုရပ်တန့်လိုက်သည်
အမရာကားကိုရပ်နားလိုက်တော့ အားပေးနေတဲ့ ကွင်းတစ်ခုလုံးက လူအားလုံးက တိတ်ဆိတ်လို့သွားသည်

ဝဏ္ဏကတော့ ကြိုသိထားပြီးသားမို့ ပျော်ပျော်ကြီးကွင်းကို တစ်ပတ်ထပ်ပတ်ရင်း အနိုင်ယူလေသည်

အမရာ ကားပေါ်ကဆင်းလိုက်ပြီး သူမဆီတန်းတန်းမတ်မတ်လျှောက်သွားသည်
မနှင်းဆီ ဘယ်လိုမှ မောင့်အပေါ်ထိုသို့ဆိုးတာတွေရပ်နားမည်နည်း

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now