extra three

4.5K 279 25
                                    

ထိုသို့ ပြောလိုက်ကတည်းက နှင်းဆီတစ်ယောက် နေ့တိုင်းအချဉ်ပေါင်းစားတော့သည်။ အချဉ်ပေါင်းစားချင်စိတ်ကြောင့် အမရာ တစ်ယောက် မန်းရွေပြည်ရဲ့အချဉ်ပေါင်းသည်တိုင်းနဲ့ မိတ်ဆွေဖြစ်နေလေပြီ။ အမရာ့ကားလေးအိမ်ရှေ့ရပ်လိုက်တာနဲ့ နှင်းဆီတစ်ယောက် ကားထဲလှန်လှောလေပြီ။

"အမရာမောင်"

"ဗျာ့ မိန်းမရဲ့ ဘာဖြစ်လို့လဲ "

"အိမ်ပြန်လာတာ အချဉ်ပေါင်းဝယ်ခဲ့မယ်ဆို
ပါမလာပြန်ဘူးလား"

ကိုယ်ဝန်ရင့်လာလေ ကလေးလေးလိုဂျစ်တိုက်လေ ဖြစ်လာတဲ့နှင်းဆီကြောင့် အခုလဲအဆူခံဖို့ပြင်ရပြန်ပါပြီ။

"မောင်ပြန်လာတာ စောနေလို့လေ
အချဉ်ပေါင်းက စောနေလို့မထွက်သေးလို့ပါ မိန်းမရယ်"

"မရဘူးကွာ မောင်ပိစိက စားချင်နေပြီမောင်ရဲ့ ဒီမှာမိန်းမနေလို့ကိုမရတော့ဘူး ဗိုက်ထဲကနေ တွန်းလှန်နေပြီဆန္ဒပြနေပြီ"

အမရာ နာရီကြည့်ဟန်ပြင်လိုက်ပြီး
"ကဲပါ အခုချိန်လောက်ဆိုရင်တော့ ထွက်လောက်ပြီထင်ပါတယ်မောင်ပြေးဝယ်လိုက်မယ် ခနလေးပဲစောင့်
မောင်ပိစိလေးရှိနေတာ ဒေါသမထွက်ရဘူး စိတ်လျော့နော်"

"မောင့်ကလေးလေးက စားချင်နေတာလို့
မိန်းမက ဘယ်တုန်းကအချဉ်ပေါင်းစားဖူးလို့လဲ"

နှုတ်ခမ်းလေးတစ်စူစူနဲ့ ပြောနေတော့ အမရာတစ်ယောက်အရည်ပျော်ရပြန်သည်။ ထိုနှုတ်ခမ်းထော်ထော်လေးကိုနမ်းလိုက်ပြီး

"ချစ်လိုက်တာနော် ဟုတ်ပါပြီ မောင်သိတာပေါ့
မောင့်မိန်းမကအချဉ်ပေါင်းမှမကြိုက်တာ
အဲ့မောင်ပိစိလေးက စားချင်နေတာ မောင်သိတယ်စိတ်ချ မောင်ဝယ်ပြီးတာနဲ့ အမြန်ပြန်လာမယ်"

အမရာ  ကားနဲ့အမြန်မြို့ပတ်ကာ အချဉ်ပေါင်းပတ်ရှာဝယ်ရသည်။

"ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်"
အမရာသီချင်းလေးညီးကာ အချဉ်ပေါင်းသည်ရှာသည်။

ကျေးဇူးတင်ရမည်ကအချဉ်ပေါင်းကိုမှ ဆိုင်ကြီးဖွင့်ကာရောင်းသည့် ဆိုင်တစ်ဆိုင်ကိုရှိနေသည်။ အမရာ ရှာဖွေတွေ့ရှိသွားလေပြီ။

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now