Part 16

8.6K 485 17
                                    


အမရာ ရောက်တုန်းမို့ နန်းရဲ့အိမ်ကိုသွားသည်
ဘာမှမတိုင်ပင်ပဲ ပစ်ထားခဲ့သည်မို့ နည်းနည်းတော့သိတတ်မှရမည်

"မမ မရှိဘူးလား ကြီးကြီးမြ"

ကြီးကြီးမြက

"ဟယ် မောင်လေးလာတယ်
သမီးနန်းရေ မောင်လာတယ်"

နန်းက အိပ်ခန်းထဲမှ ပြေးကာထွက်လာပြီး

"မောင်"
အမရာ့ကို ပြေးဖက်သည့်နန်း ဘယ်လောက်တောင်လွမ်းနေမလဲ အမရာသိပါသည် အမရာ့မျက်နှာလေးကိုကိုင်ကြည့်ပြီး

"မျက်နှာလေးသေးသေးလေးပါဆို
ချောင်ကျသွားလိုက်တာ ကလေးရယ်
ထမင်းသေချာမစားဘူးလား"

လေသံကတော့ နွေ့အတိုင်းပင်

"မောင်စားပါတယ် မမရယ်
မမလဲပိန်သွားသလားလို့"

"ဘာကြောင့်ပိန်သွားရလဲ မောင်မသိဘူးလား"

နန်းရဲ့ဆိုလိုရင်းကို အမရာသိပေမဲ့
(မောင်က သိပ်တစ်ကိုယ်ကောင်းဆန်ပါတယ် မမရယ်
မောင်သိပေမဲ့ မသိသလိုနေပါရစေနော်)

အမရာ့အပြုံးကိုကြည့်ရင်
အမရာသိပါသည်ဆိုတာ နန်းနားလည်သည်

"အခုက..."

"မောင်ခနပြန်လာတာ မနက်ဖြန်ပြင်ဦးလွင်ပြန်မှာ
မောင်သတိရလို့ မမကိုလာတွေ့တာ"

"သတိရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်လေ
မောင် ဘာစားချင်ဟင်
မမလုပ်ကျွေးမယ်လေ"

"မမလက်ရာ ကြာဇံဆီချက်လေး...ဟီးးးး"

အမရာ အရင်တိုင်းညီမလေးတစ်ယောက်လို အချွဲမပျက်ဆက်ဆံသလို နန်းကလဲ သူမခံစားချက်တို့ကို မြိုသိပ်လို့ အမရာ့ကို ကလေးလေးလိုသာ ပြန်လည်ဆက်ဆံသည်

"မမ မောင်အိမ်အိမ်ကိုတွေ့ချင်လို့ ဒီပဲခေါ်ထားလိုက်တယ်
သူ့ဆီသွားရင် မမနဲ့ကြာကြာမတွေ့ရမှာစိုးလို့"

"ရတယ်လေ ကလေးရဲ့"
နန်းက မီးဖိုချောင်မှ လှမ်းကာအော်သည်

အချိန် ၃ လမှာ အရာရာက ဒီတိုင်းပါပဲလားနော်

"မောင်"

"အိမ်အိမ်ရောက်လာပြီလား"
လမင်းအိမ်ကလဲ အမရာ့ကိုဖက်ကာထုရိုက်လေသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now