Chapter 66

7.9K 425 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 66

"အစ်ကိုမင်းဗဟိုရ် ရှင်ဘာလုပ်တာလဲ"

သူမ ကိုကိုကလေးတွေကိုထိန်းနေခိုက်သူမက ကွန်ဒိုကနေဆင်းလာကာ သူမတို့နေတဲ့ကွန်ဒိုမျက်နာချင်းဆိုင်ကာ စတိုးလေးမှာဝယ်စရာရှိဆင်းလကာမှ အစ်ကိုမင်းဗဟိုရ်နဲ့တွေ့တာကြောင့် သူမကလည်းမနေ့ညကမှ ကိုယ့်ယောကျာ်းကို မကောင်းပြောထားတဲ့သူကို စကားပြောချင်စိတ်မရှိတာကြောင့် သူမကရှောင်ထွက်တယ်ဆို သူမလက်ကိုဆွဲလိုက်တာ​မို့ ပြောလိုက်တဲ့အသံကကျယ်သွားတာ​ကိုထိန်းလိုက်ရသည်။

"ဆောင်း မင်းယောကျာ်းလူယုတ်မာအကြောင်း မင်းမသိသေးတာတွေအများကြီးရှိတယ် ကိုယ်ပြောမယ်လိုက်ခဲ့"

"ကျွန်မလက်ကိုလွှတ် ရှင့်အတွက်သိက္ခာတရားဆိုတာ ဘာမှမဟုတ်ပင်မဲ့ ကျွန်မယောကျာ်းက သိက္ခာရှိတဲ့သူတစ်ယောက် ဒါကြောင့် ရှင်ကိုယ့်ဘဝနဲ့ကိုယ်နေတာ အကောင်းဆုံးဖြစ်မယ်"

သူမကို ဘယ်လိုခေါ်ခေါ်မရတော့ဘူးဆိုတာသိတဲ့ မင်းဗဟိုရ်က သူမကိုကောက်ပွေ့လိုက်ကာ ရပ်ထားတဲ့သူ့ကားနားဆီခေါ်သွားဖို့ခြေလှမ်းလိုက်တယ်ဆို သူမကအော်ဖို့ပြင်နေတာကြောင့် သူမနှုတ်ခမ်းကို သူကနမ်းပြီး ပိတ်လို့ပြင်ယုံရှိသေး သူမက သူမျက်နာကို တံတွေးနဲ့ထွေးချလိုက်တာကြောင့်.......

"ဆောင်း !"

"လွှတ် ရှင်ကျွန်မကို လွှတ်နော်"

သူမကအတင်းရုန်းတယ်ဆို ပတ်ဝန်းကျင်ကတိတ်စိတ်တဲ့နေရာဆိုပင်မဲ့ လမ်းသွားလမ်းလာတွေကကြည့်လာတာကြောင့် သူကပြုံးလိုက်တာက ရည်းစားကစိတ်ဆိုးနေလို့ချော့နေတဲ့ပုံစံ။

ဘုတ်

ကားအနောက်အခန်းကိုဖွင့်ကာ သူမကိုပစ်ထဲလိုက်တယ်ဆို ဆောင်းကလည်းသူကားတံခါးမပိတ်ခင်အားအကုန်သုံးပြီး ကန်ဖွင့်ပစ်လိုက်သည်။ကားတံခါးကပိတ်နေရာက ပွင့်သွားတယ်ဆို သူမကချက်ခြင်းထွက်လာပြီး မင်းဗဟိုရ်ပါးကိုရိုက်ချကာ လွတ်အောင်ပြေးပင်မဲ့ သူမလက်ကိုဆောင့်ဆွဲကာ ပါးကိုနမ်းလိုက်တာကြောင့် ဆောင်းကိုယ်ကအိမိထောင်သည်မို့ပူထူသွားရကာ သူမပါးကို ကိုကို မဟုတ်တဲ့တစ်ခြားယောကျာ်းနမ်းလိုက်တာကြောင့် အရှေ့ကလူယုတ်မာကောင်ကို ပြောမယ်ပြင်လိုက်ပင်မဲ့ သူမလက်ကိုဆွဲပြီး လူတစ်ယောက်က အနောက်ပို့လိုက်သလို ထိုလူယုတ်မာမျက်နာကိုလည်း တေ့ထိုးချလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now