Chapter - 29

136 17 13
                                    

Unicode

အပိုင်း ၂၉။ တွဲနေကြပြီလား?

" မော့ပေကျစ်! စာသင်ချိန်မှာ ဖုန်းသုံးနေတယ်ပေါ့? မတ်တပ်ရပ်! "

အတန်းရှိဆရာ၏ ဩရှရှအသံက တစ်တန်းလုံးကို ဖုံးအုပ်သွားသည်။ ကျောင်းသားအားလုံး ငြိမ်ကုပ်သွားကြပါသော်လည်း တရားခံဖြစ်သူ မော့ပေကျစ်ကတော့ ဂရုမစိုက်ပုံဖြင့် မတ်တပ်ရပ်လေ၏။ သူ့ပုံစံက ခဏခဏအပြစ်ပေးခံရလွန်းလို့ နေသားကျနေသည့်နှယ်။

ရှောင်းကျန့်က မော့ပေကျစ်ကို နားမလည်နိုင်ဟန် တိတ်တခိုးကြည့်သည်။ မော့ပေကျစ်က သူတို့အတူ ဘားသွားပြီး နောက်တစ်ရက်မှာ စိတ်ဓာတ်ကျနေဟန်ပေါက်သော်ငြား ယခုတွင်တော့ သူ့အစ်ကိုဖြစ်သူနှင့် အတော်လေး အဆင်ပြေနေပုံရသည်။ စာသင်ချိန်မှာပင် တစ်ယောက်နှင့်တစ်ယောက် စာအပြန်အလှန်ပို့နေသည်ကိုသာကြည့်တော့။ ယခုလည်း မတ်တပ်ရပ်နေရသည်ကိုပင် ဆရာကျောပေးသွားတိုင်း စပ်ဖြီးဖြီးနှင့် ဖုန်းကိုကြည့်ရင်း ခုံအောက်တွင် စာရိုက်နေသေးသည်။ တစ်ခါတရံ သူ့ကိုပင် သူ့အစ်ကိုနှင့်ပက်သတ်သည့် များစွာသော ကောင်းချ​က်များကို ဂုဏ်ယူသည့်ပုံစံဖြင့် ကြွားဝါတတ်သေးသည်။ သူ့မှာ ထိုအကြောင်းများကို နားထောင်ရသည်မှာ နားရည်ပင်ဝနေလေပြီ။ မော့ပေကျစ်၏အစ်ကိုဖြစ်သူကို တစ်ခေါက်သာတွေ့ဖူးပါသော်ငြား ထိုသူနှင့်ပက်သတ်သည့်သတင်းများအားလုံးနီးပါးကို မစုံစမ်းပါဘဲပင် သိနေရ၏။

မော့ပေကျစ်ကို ကြည့်ရင်း အတွေးများနေသည့် သူ၏မြင်ကွင်းတွင် သူ့ခန္ဓာကိုယ်နှင့်ဝမ်ရိပေါ်၏ခေါင်းကြီးက ပိတ်ကွယ်လာသည်။ ထို့နောက် သူ့ဘက်သို့ လှည့်ကြည့်ရင်း ပြုံးပြလာသည်မို့ ရှောင်းကျန့်ကပဲ အကြည့်လွှဲလိုက်ရပြီး သင်ခန်းစာအပေါ်တွင်သာ အာရုံစိုက်လိုက်သည်။ အပြင်ပန်းမှာသာ တည်ငြိမ်နေသော်ငြား သူ၏ရင်တွင်းမှာတော့ ဆိုးဆိုးရွားရွားပင် ဗလောင်ဆူနေ၏။

ယခင်က သူဝမ်ရိပေါ်ကို အနည်းငယ်မျှ ကြည့်မရခဲ့ပေ။ သူ၏မူပိုင်နေရာအဆင့်တစ်ကို လုယူသွားခဲ့သည့် ဝမ်ရိပေါ်ကြောင့် သူ့မှာ လပတ်စာမေးပွဲရလဒ်များထွက်လာတိုင်း သူ့အမေဖြစ်သူဆီမှ ဆူပူမှုကို ခံရသည်။ ပုံမှန်အချိန်ဆို ပျော်စရာကောင်းသည့်သူ့မိသားစုလေးက အမှတ်စာရင်းထွက်သည်နှင့် ဆိုးရွားသည့်လေထုအောက်တွင် ဖိနှိပ်ခံရသည်။ သူဘယ်လောက်ပဲကြိုးစားကြိုးစား၊ ဝမ်ရိပေါ်ကို မကျော်နိုင်ခဲ့ပါချေ။ ယခုတော့ သူအကြောင်းအရင်းကို သိသွားခဲ့လေပြီ။ ဆရာများချမှတ်ပေးသည့် စာလေ့လာပုံများအစား ကိုယ့်အတွေးအခေါ်နှင့်ကိုယ်၊ ကိုယ့်နားလည်မှုနှင့်ကိုယ် လေ့လာခြင်းက ထိုပုံသေနည်းများထက် ပို၍အကျိုးသက်ရောက်မှုရှိသည်။ ပိုပြီးလည်းလွတ်လပ်သလို၊ ပိုပြီးလည်းအာရုံစိုက်နိုင်လာသည်။

SwitchWhere stories live. Discover now