အတိတ် (JAY OC)

249 18 12
                                    

Unicode

ဒီနေ့ကျမှ မိုးတွေက သည်းနေလိုက်တာ....
မိုးကလဲသည်းသလို လေကလဲပါတာမလို့ ပြတင်းပေါက်တစ်ဆင့်လွင့်စင်လာတဲ့မိုးရေစက်တွေက သူမကိုယ်ပေါ်ကိုဖိတ်စင်လာတယ်

ဒါကြောင့်မလို့ ဖတ်လက်စ စာအုပ်လေးကိုလေးချရင်း ပြတင်းတံခါးကိုသူမထပိတ်လိုက်မိသည်။

ဒီလိုမိုးသည်းတဲ့ရက်တွေဆိုမောင့်ကိုသိပ်သတိရတာပဲ...
"မောင်နေမှကောင်းရဲ့လား...."

မစောတော့တဲ့အချိန်တစ်ခုကိုရောက်နေပြီမလို့ သူမအိပ်ရာ၀င်ဖို့ပြင်လိုက်ရင်း ဘေးကနေရာလွတ်လေးကို ငေးကြည့်နေလျက်ပင် မြင်ကွင်းတွေက မျက်ရည်တွေကြောင့် ဝေဝါးလာရသည်...

"ဒီညပါပေါင်းရင် မောင် သဲကို ထားခဲ့တာ ရက်ပေါင်း 700 အတိရှိရောပေါ... "

အချိန်တွေကမြန်လိုက်တာ
ဟိုအရင်က အတူ ကြည်နူးခဲ့တဲ့ရက်တွေဟာမနေ့တနေ့ကလိုပဲ

အိပ်ရာ၀င်ခါနီးတိုင်း သဲနဖူးပေါ်မှာ ခစားလေးရှိတဲ့မောင့်နှစ်ခါးပါးတစ်စုံကိုလဲလွမ်းတယ်မောင်...

မောင်စားချင်တဲ့ ဟင်းလျာတွေပြင်ပေးချိန်တိုင်း အနားကမခွာပဲ သဲလုပ်သမျှထိုင်ကြည့်နေပေးတဲ့ မောင့်မျက်၀န်းတစ်စုံကိုလဲသတိရပါတယ်

၀ရံတာက မောင်ထိုင်ပြီးစာအုပ်ဖတ်နေကျ ပက်လက်ကုလားထိုင် လေးကလဲ ပိုင်ရှင်ကိုမေးနေပြီ
"ဂျုံဆောင်းဟျောင်းက ဘယ်တော့ပြန်လာမှာလဲ"တဲ့

နောက်ပြီး သဲရဲ့ နှလုံးသားလေးကလဲ မောင်မရှိရင်မဖြစ်ဘူးဆိုတဲ့အကြောင်း သူသိပ်သတိရကြောင်းနေတိုင်းပြောနေတယ်မောင်ရဲ့

သိပ်ချစ်လွန်းလို့ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်မှုတွေကို ချုပ်ချယ်မှုလို့ခေါင်းစဉ်တပ်တဲ့မောင်..

မောင့်အနားကို ကပ်လာတဲ့ မိန်းမတိုင်းက မောင့်ကိုသဲလက်ထဲက ဖြတ်ခုတ်ဖို့သိနေတာကြောင့် မပတ်သတ်ခိုင်းတော့လဲ အကြောင်းမရှိအကြောင်းရှာပြီး သ၀န်တိုပါတယ်ဆိုပြီး  ပတ်ဂျုံဆောင်း ဆိုတဲ့မောင်က သဲကိုစွပ်စွဲပြန်တယ်

မောင့်ကိုချစ်လွန်းလို့ ဖြစ်တည်လာတဲ့အရာအားလုံးကို မောင်က မကောင်းမြင်စိတ်နဲ့ပဲကြည့်ပြီး သဲကို ပြစ်ပြစ်ခါခါ ထားသွားခဲ့ပါတယ်

Enha Short Story collection Where stories live. Discover now