Jay OC

118 11 0
                                    

-♡-

"အ!"

ခေါင်းပေါ်ကို ဘာလာမှန်လို့မှန်, မှန်းမသိတာမလို့ ကြည့်မိတော့ဘောလုံးတစ်လုံး!

ကျစ်!
ဘယ်ဆီဘယ်ကရောက်လာမှန်းမသိတဲ့ ဘောလုံးကို ကြည့်လိုက်ရင်းမေတ္တာပို့ကျိန်ဆဲမိသည်။ ‌သားရေ ဘောလုံးဖြစ်တဲ့အပြင် အရှိန်ကပြင်းတာမလို့ခေါင်းတစ်ခုလုံးလဲပူထူသွားပြီး လူကပါမြေပြင်ပေါ်သို့ ဖင်ထိုက်လျက်လဲကျသွားရသည်။

"ဘယ်နားနာသွားသေးလဲဗျ"

"တောင်းပန်ပါတယ် ကျွန်တော်မမြင်လိုက်လို့"

"တကယ်တောင်းပန်ပါတယ်"

ဘောလုံးပိုင်ရှင်ဖြစ်ပုံရသည့် ကောင်လေးတစ်ယောက် သူမရှေ့မှာထိုင်ချရင်း တောင်းပန်စကားကို ထပ်နေအောင်ဆိုသည်။
အစကတော့ အသားနာသွားတာမလို့ လိပ်တတ်လာတဲ့ဒေါသတွေက
ထိုကောင်လေးကိုမြင်လိုက်ရတဲ့အခါ  ကြာရွက်ပေါ်ကိုရေစက်မတင်သလိုမျိုး လျှောကျသွားရ၏။ ခုနကထိ နာကျင်မှုတွေကလဲ အခုတော့ မြူမှုန်တစ်စတောင်ကျန်ရှိမနေတော့..

ထိုကောင်လေးရဲ့ မျက်လုံးကြီးကြီးတွေက ညဘက်သူမကြည့်နေကျကောင်းကင်က ကြယ်တွေထက်ပိုလင်းလက်သည်။ အက်ကွဲနေတဲ့ နှုတ်ခမ်းပါးတစ်စုံ ထို ကောင်လေးနဲ့မှသိပ်ကို လိုက်ဖတ်မှုရှိသည်။ မဲနက်နေတဲ့ ဆဲနွယ်တိုတိုတွေဟာ လေအဝှေ့မှာ ပျံ့လွင်လျက်ရှိသည်။

နှာတံပေါ်က ကန့်လျက်ဖြတ်အမာရွတ်လေးဟာလဲ ဒီကောင်လေးနဲ့မှအဘယ်ကြောင့် ဒီလောက်တောင်ကြည့်ကောင်းရပါသလဲ??

"အမ အမ ကျွန်တော်ပြောတာကြားရဲ့လား"

ဘယ်လောက်တောင်မှ ငေးမိသွားလဲမသိ
ထိုကောင်လေးရဲ့ လက်ဖဝါးတွေက မျက်စိရှေ့ကိုလာရောက်ဝှေ့ယမ်းမှပဲ အသိစိတ်ပြန်၀င်လာသည်။

"‌အင်း ...အင်း..ကြားပါတယ်"

"ဘယ်နားထိသွားသေးလဲ ထရော ထနိုင်ရဲ့လား ကျွန်တော်ကုန်းပိုးပေးရမလား"

"ဟင်..ရတယ် အဲ့လောက်ထိမလိုဘူး"

သူမထိုင်နေရာမှ အမြန်ထလိုက်ရင်း ဘောင်းဘီမှာပေနေတဲ့ဖုန်တစ်ချို့ကိုခါလိုက်သည်။ အရှေ့က အနှီကောင်လေးက ဂုတ်ပိုးကိုပွတ်ရင်း တစ်စုံတစ်ခုပြောဖိုရှိသယောင်...

"ဟို ကျွန်တော်ပြောစရာရှိလို့"

"အင်းပြောလေ..."

"ကျွန်တော် အိမ်ပြန်လိုက်ပို့ရင်း ပြောပါ့မယ်"

ညနေ နေ၀င်ချိန်ဖြစ်တာမလို့ ကောင်းကင်ကြီးတစ်ခုလုံးက ရဲရဲနီလျက်ရှိသည်။ နေလုံးကြီးကလဲ ဟိုးအနောက်ထဲမှာ တစ်၀က်ကျော်ကျော်၀င်နေပြီမလို့ အလင်းရောင်ကကောင်းကောင်းမရှိတော့...

ကျေးလက်ဒေသမလို့ လမ်းမီးတိုင်တွေက မြို့ပြလို ခပ်စိပ်စိပ်မရှိပဲ ဟိုတစ်ကွက်ဒီကွက်သာရှိသည်။ ညနေ အချိန်ခါ လေနုအေးအေးဖြတ်တိုက်ချိန်မလို့ ပတ်၀န်းကျင်တစ်ခုလုံးက ဆိတ်ငြိမ် အေးချမ်းလျက်...

"သဘောကျတယ်...မဟုတ်ဘူး ချစ်တယ်"

‌ဘေးချင်းကပ်လျက် လမ်းလျှောက်နေရင်းကနေရုတ်တရက် သူမအရှေ့ကနေပိတ်ရပ်လိုက်ပြီး သဘောကျနေပါကြောင်း၀န်ခံလာတဲ့ ထိုကောင်လေးကြောင့် သူမမှာ မျက်လုံးအစုံပြူးကာ အံ့ဩလျက်..

"လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက
ညနေညနေဆို လမ်း‌လျှောက်ထွက်တဲ့ 'မ' ကိုကျွန်တော်ခိုးကြည့်နေခဲ့ရတာ
စကားစပြောဖို့ သတ္တိမရှိလို့.. လာမပြောပဲ အဝေးကနေပဲ ခိုးကြည့်နေခဲ့တာ"

ရှိသမျှသတ္တိတွေကို အကုန်ထုတ်ပြီးပြောနေပုံရတဲ့ ထိုကောင်လေးက
သူမကိုလဲ မကြည့် မျက်လုံးကိုမှိတ်ခေါင်းကို ငုံ့ကာ လက်နှစ်ဖက်နောက်ပြစ်ပြီး ပြောနေတဲ့ပုံစံက ဆရာမရှေ့မှာ စာအံနေသလိုမျိုး...

သူမရီချင်စိတ်ကို ထိန်းပေမယ့်လို့ ရီသံတစ်ချက်က ထွက်သွားသည်။
သို့သော် ထိုကောင်လေးရှက်မှာစိုး၍  ချောင်းတစ်ချက်ဟန့်ကာ ထိုကောင်လေးနာမည်ကိုအရင်မေးလိုက်သည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"ဂျုံဆောင်း... ပတ်ဂျုံဆောင်း"

"ဒါဆို တို့နာမည်လဲ ပတ်မျိုးရိုးကိုပြောင်းရတော့မယ်ထင်တယ်"

"ဗျာ...ဒါ..ဒါဆို..."

သူမပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားပုံရတဲ့ထိုကောင်လေးက
ခုန်ပေါက်ပြီး လက်သီးလက်မောင်းတန်းကာအောင်ပွဲခံနေသည်။
အခုမှသိတယ် ထိုကောင်လေးရီရင် ခပ်ကြီးကြီးမျက်လုံးတွေကို မမြင်ရတော့တဲ့အထိ မှေးကျသွားတယ်ဆိုတာလေ...

ထိုညနေက သာမန်ညနေခင်းတွေထက်ပိုပြီးလှပနေခဲ့ကြောင်းကို
ပတ်၀န်းကျင်ကလူတွေသတိထားမိပါ့မလားလေ...

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 05, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Enha Short Story collection Tempat cerita menjadi hidup. Temukan sekarang