HeeJay

85 10 4
                                    

Unicode

"ကျွန်တော့်ကို ထပ်ပြီးထားခဲ့ဦးမှာလား"

"အခြေအနေအရပေါ့"

ဟီဆွန်းရဲ့ ခပ်ဟဟ ရီသံနောက်မှာ နှုတ်ခမ်းဆူဆူနဲ့ကောင်လေးတစ်ယောက်
လမ်းပေါ်က ကျောက်စရစ်ခဲတွေကိုကန်‌ရင်းရှေ့က‌နေသွားနှင့်လေရဲ့

"ကိုကို့ ကျွန်တော်တကယ်မေးနေတာ
ထပ်ပြီးထားသွားဦးမှာလားလို့"

အရှေ့ကနေထွက်လာနှင့်ပြီးဖြစ်ပေမယ့် သူ‌ကိုကို့ ကို‌သေချာအောင်မေးချင်သေးတာမလို့ နောက်ပြန်လှည့်လာခဲ့သည်။

ကျွန်တော်ကြောက်တယ် ကိုကိုမရှိပဲကျွန်တော်မနေနိုင်ဘူး
ဝေးခဲ့ရတဲ့တစ်ပတ်အတွင်းမှာ ကိုကိုဟာ ကျွန်တော့်ဘ၀အတွက်ဘယ်လောက်အရေးပါလဲဆိုတာကျွန်တော်နားလည်လာတယ်
အကယ်၍ ကိုကိုသာ ထပ်ထားသွားရင် ကျွန်တော်ရင်ကွဲရမှာ

"မထားခဲ့ပါဘူးကွာ ကိုကိုမင်းကိုစတာပါ"

ပုစွန်ဆီရောင်ညနေခင်း မီးရထားလမ်းဘေးတစ်နေရာမှာ ‌လွတ်ထွက်သွားမည့်အလား
ဖက်ထားကျတဲ့အမျိုးသားငယ်နှစ်ယောက်ဟာ အလွန်တရာမှချစ်ဖို့ကောင်းကြ၏

ကိုကိုလည်း မင်းမရှိရင်မနေနိုင်ဘူး

မင်းရဲ့ဂျစ်ကန်ကန်အပြုအမှုတွေကို တစ်နေ့လောက်မှမမြင်ရရင်ကိုမနေတတ်တော့ဘူး...သေချာတယ်ဂျေး...
ကိုကိုမင်းနဲ့ထပ်မခွဲနိုင်တော့ဘူး
မင်းက ကလေးဆန်လို့မချစ်နိုင်တော့ဘူးဆိုတဲ့ အသုံးမ၀င်တဲ့အကြောင်းပြချက်နဲ့လဲ ကိုကိုမင်းကိုမထားခဲ့တော့ဘူး..
တခြား ဘာအကြောင်းပြချက်နဲ့မှ ထပ်ပြီးခွဲမသွားတော့ဘူးဆိုတာကိုယုံ...

#HeeJay

Enha Short Story collection Where stories live. Discover now