မောင် (NI-Ki OC)

101 10 0
                                    

Unicode

.........

"နောက်တစ်ချိန်က အားကစားချိန်ဆိုတော့ အ၀တ်အစားသွားလဲလို့ရပြီ"

ဆရာ့ခွင့်ပြုမိန့်ရပြီးသည်နှင့် အတန်းထဲကကျောင်းသားတွေဟာ အလျှိုလျှိုထွက်ကာ အားကစားချိန်အတွက်အ၀တ်အစားသွားလဲရန်ပြင်ကြသည်။
ကျောင်းကော်ရစ်တာ တစ်လျှောက် လမ်းလျှောက်လာရင်း
ဒုတိယနှစ် အခန်းသုံးရှေ့ရောက်ခါနီးမှာ  ကိုယ့်ရင်အစုံက တစ်ဒိတ်ဒိတ်ပြေးခုန်လျက်...။

6 လဆိုတဲ့အချိန်ဟာ အရမ်းကြီးတိုတောင်းတဲ့အထဲမှာလဲမပါသလို
အရမ်းကြီးလဲရှည်လျားထဲအထဲမှာပါမနေပေ။ သို့သော်လဲ ချစ်သူရည်းစားတွေအဖို့ အချိန်တစ်ခုကိုရောက်ခဲ့ပြီးဖြစ်သည်။

မောင်နဲ့တွဲတာ ဒီလဆို 6လပြည့်ဖြစ်ပေမယ့်လို့
မောင်ကိုကြိတ်ပြီးသဘောကျခါစ ကကဲ့သို့‌ပင် ကိုယ့်ရင်ခုန်သံတွေဟာလက်ဆတ်တုန်းပင်ဖြစ်သည်။

မောင့်အခန်းရှေ့က နေဖြတ်လျှောက်မိတုန်း အလွမ်းပြေမျက်နှာလေးငေးမောရန်အတွက် သူ့အခန်းထဲကိုငဲ့စောင်းကာကြည့်မိသော်လဲ
မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်လှုပ်ရှားလို့ဖြစ်ပေါ်နေတဲ့ ရင်ခုန်သံတွေကို
စိတ်တို၍ဖြစ်ပေါ်လာသည့် ရင်ခုန်နှုန်းအဖြစ်သို့ပြောင်းလဲစေသည်။

မောင်နဲ့ သူ့အတန်း‌ဖော်ဖြစ်ပုံရသည့် ကောင်မလေးဟာ ဘေးချင်းကပ်လျက်ကိုမှ အတော့်ကိုနီးကပ်နေပြီး ပုခုံးချင်းတွေပါထိကပ်လျက်ရှိသည်။
မောင်ကလဲ ထိုကောင်မလေးနဲ့စကားတွေပြောကာ မျက်လုံးတွေမှိတ်ကျသည်အထိ သဘောတကျရီနေသည်။

ထိုကောင်မလေးနဲ့စကားလက်ဆုံကျကာ ရီမောနေသည့်မောင်ဟာ
ကိုယ့်ကိုလဲမြင်ပုံမရ...
တကယ်ဆိုဒီနေ့ ကိုယ်အတန်းချိန်မှာအားကစားချိန်ပါမှန်းသိပါလျက်နဲ့
မောင့်အတန်းရှေ့က ဒီလိုဖြတ်လျှောက်မယ်ဆိုပါသိပါလျက်နဲ့
အဘယ်ကြောင့်အရင်လိုမျှော်မကြည့်ပဲနေနိုင်ရပါသလဲ?

မောင်ကိုယ့်ကို မချစ်များမချစ်တော့ဘူးလား....

-♡-

-မမ မောင်ဒီညနေအိမ်စာလုပ်စရာရှိလို့ အတူတူမပြန်တော့ဘူးနော်-

Enha Short Story collection Where stories live. Discover now