SunSun (OTP)

91 9 0
                                    

-♡-

"ကင်မ် သဲအိမ်ဆောက်တိုင်းကစားမလား
ရှုံးတဲ့သူက ဆုတောင်းကိုဖြည့်ပေးကြေး"

ကမ်းစပ်မှာခြေပြစ်လက်ပြစ်ထိုင်နေရင်း ဟွန်းက အနားကိုရောက်လာကာ သဲအိမ်ဆောက်တိုင်းကစားဖို့ပြောသည်။
သူလဲပျင်းနေတာနဲ့ လက်ခံလိုက်သည်
ပျင်းတယ်ဆိုတာထက်..
သူကိုယ်တိုင်လဲ ဟွန်းဆီကတောင်းစရာတစ်ခုရှိတယ်မလား..

ရေစိုနေတဲ့ ကမ်းစပ်က သဲတစ်ချို့ကိုယူကာ ‌သေချာဖိသိပ်လျက်သဲအိမ်ကိုကြိုးစားပမ်းစားဆောက်နေသည်။
ဖြူအုနေတဲ့ လက်ချောင်းသွယ်သွယ်ရဲ့အလှကို ညိုကျင့်ကျင့်သဲမှုန်တွေကဖုံးကွယ်နိုင်စွမ်းမရှိ။

ရေစိုနေတဲ့ ပန်းနုရောင်ဆံစတွေရဲ့အလွန်မှာ မဲနက်နေတဲ့ မျက်တောင်စလေးတွေကို ငေးကြည့်ရင်း ဆောင်းဟွန်းတစ်ယောက် သဲအိမ်ဆောက်ဖို့ကိုမေ့လျော့နေသည်အထိ။

ကင်မ့်ရဲ့အလှတရားမှာ ကျရှုံးပြီးရင်ကျရှုံးနေတာ လွန်ခဲ့တဲ့ နှစ်နှစ်
သူနဲ့ စတွေ့ကတည်းကပင်..
စတွေ့တုန်းက ကင်မ်ဟာ အခုလိုပန်းနုရောင်ဆံနွယ်ရှင်မဟုတ်ပဲ
ပိတုန်းရောင်လို နက်မှောင်ပြီး ပြောင်လက်နေတဲ့ ဆံနွယ်စတွေကိုပိုင်ဆိုင်သည်။

စတွေ့ကတည်းက အသည်းယားတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
ကင်မ့်ရဲ့ပျော့ပျောင်းနူးညံ့လှတဲ့ဆံနွယ်တွေကြား သူ့လက်ချောင်းကြီးကြီးတွေကိုထိုးဆော့ဖြစ်သည်။
အခုပန်းနုရောင်ဆံပင်တွေက အရင်လိုမပျော့ပျောင်းတော့ပေမယ့်လို့
ကင်မ့်ရဲ့ချစ်ဖို့ကောင်းမှုတွေကတော့ လျော့ကျမသွား..

"ဘာကြည့်နေတာလဲ ကျွန်တော်နိုင်တော့မှာနော်"

အခုမှ သဲပုံကိုတည်ရုံတည်ထားပြီး ထိုင်နေတဲ့ သူ့ကိုကင်မ်ကပြောသည်။

"ကိုယ်အရှုံးပေးတယ် ကင်မ်ဘာလိုချင်လဲပြော"

"ရုတ်တရက်ကြီး??"

သူဟွန်းကိုသိလာတဲ့ သက်တမ်းတစ်လျှောက်
ဟွန်းက အရာရာကို အနိုင်ရမှကျေနပ်တဲ့လူစားမျိုးဖြစ်သည်
အခုကျမှ ရုတ်တရက်ကြီး အရှုံးပေးတယ်ဆိုတော့ကာ..

"ကျွန်တော်လိုချင်တာတကယ်ပေးမှာလား"

"အင်း.. ကင်မ်သာလိုချင်တာပြော
ကိုယ့်ဘက်ကပေးဖို့အသင့်ပဲ"

"ဟွန်း.. ပတ်ဆောင်ဟွန်း.. ခင်ဗျားကိုလိုချင်တာဆိုရင်ရော?"

ကင်မ့်ရဲ့တောင်းဆိုမှုကို သူကိုယ်တိုင်အံ့ဩရသည်
အကယ်၍ သူနိုင်ခဲ့ပါကလဲ သူ ကင်မ့်အချစ်ကိုရဖို့အတွက် တောင်းခံမည်ဆိုတာ အလှလေးကင်မ်ကသိသေးပုံမရ...

"ကိုယ်ပြောပြီးသားလေ ကင်မ်လိုချင်တာ အကုန်လုံးကိုပေးဖို့အသင့်လို့"

"တစ်ဘ၀လုံးစာလိုချင်တာ"

"ကင်မ်သာ ဆန္ဒရှိမယ်ဆိုရင် ကိုယ်က သံသရာတစ်ခုလုံးစာအပိုင်ပေးချင်တာ"

ဆောင်းဟွန်းရဲ့စကားအဆုံးမှာ ကင်မ်က ခပ်ဟဟရယ်ရင်း
လူလိမ်ဆိုပြီးတီးတိုးရွတ်လေရဲ့

ကိုယ်လိမ်လား မလိမ်လားဆိုတာ
သက်သေပြဖို့အတွက် ကင်မ့်ဘေးနားမှာတစ်သက်လုံးနေပေးတော့မှာ

မျက်နှာချင်းဆိုင်အနေအထားကနေပြီး ကင်မ့်ဘေးနားကိုကပ်ထိုင်ကာ
အချိန်ပေါင်းမျာစွာတောင့်တခဲ့ရသော စတော်ဘယ်ရီရှန်ပူနံ့သင်းနေတဲ့ ပန်းနုရောင်ဆံ‌နွယ်တွေကြားမျက်နှာအက်ကာ နမ်းရှိုက်မိသည်။

"ချစ်တယ် ဟွန်း"

"ကိုယ်ကပိုချစ်ရပါတယ် ကင်မ်ရာ"

နဖူးပေါ်ကဆံနွယ်စတွေကို သပ်တင်ရင်း
မကျဉ်းမကျယ်နဖူးလေးကို အနူးညံ့ဆုံးသောအနမ်းတစ်ပွင့်ခြွေချမိသည်

ထိုအနမ်းတွေ‌ထဲမှာ တစ်သံသရာလုံးချစ်ပေးသွားမယ်ဆိုတဲ့ သစ္စာရော
ကင်မ်ကကိုယ့်ရဲ့ အမြတ်နိုးရဆုံးပါဆိုတာကို ဖော်ကြူးတဲ့မေတ္တာရောပါ၀င်နေကြောင်းကို ကင်မ်သိလောက်ကောင်းပါရဲ့လေ...

မိနစ်အတော်ကြာထိကပ်ထားတာတာတောင် အနမ်း‌ကို မရပ်တန့်သည့်
လူသားနှစ်ဦးအစား သူရိန်နေမင်းကြီးက ရှက်လို့ထင်ပါရဲ့
ဟိုးနောက် ပင်လယ်ရေတွေကြားထဲမှာသွားပုန်းချေပြီလေ....

#SUNSUN

Enha Short Story collection Where stories live. Discover now