Chapter 67

7.7K 417 9
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 67

"101 "

သမီးလေးက မနက်ကတည်းကတအီအီဖြစ်နေတာကြောင့် သူမကကိုယ်အပူချိန်တိုင်းလိုက်တယ်ဆို 101 တောင်ဖြစ်နေတာကြောင့် ကိုယ်ပူချိန်ကမနည်းတာကြောင့် ကိုယ်ပူကျဆေးတိုက်ကာ သားလေးတွေနဲ့ခွဲထားရသည်။

ကိုကို နဲ့ သူမ ကလေးတွေကိုအဘိုးအဘွားတွေဆီထားကာ နှစ်ယောက်ထဲခရီးထွက်မယ်ဆိုတဲ့အစီအစဥ်လည်း ပျက်သွားရသည်။အရင်ရက်တွေက သူမကအေးဆေးနေရပင်မဲ့ သမီးကကိုယ်ပူတယ်ဆို အဖေအနားမကပ်တော့ပဲ သူမရင်ခွင်ထဲပဲဝင်နေတာကြောင့် အပေါ်အောက်လက်ရှည်လေးတွေဝတ်ပေးထားရသည်။

"အီးးးး အဲ"

ကလေးတွေဘယ်လောက်ဆော့ဆော့လိုက်သိမ်းရလို့ပင်ပန်းတာထက် ကိုယ့်ကလေးတွေအခုလို နေမကောင်းဖြစ်ရင် နှစ်ယောက်လုံးမျက်နာတွေမကောင်းတော့။ဖြစ်တော့လည်းခတအီအီဂျီဂျတဲ့ အငယ်လေးဆိုတော့ နေမကောင်းတော့ ပိုဂျီဂျတာအမှန်။

"အဲ မား အီး!"

"အေးပါသမီးရယ် မေမေရှိပါတယ်ကွယ် မငိုပါနဲ့နော်"

ပြောသာပြောရတာ ကလေးကရင်ထဲဘယ်လောင်တောင်ပူနေလို့ ငိုနေတာလဲမသိတာ။တကယ်ကို သမီးရဲ့အသားဝင်းဝင်းလေးတွေရဲနေတာကိုမြင်ရတာ သူမရင်ထဲကိုယ်သာဖြစ်လိုက်ချင်သည်။ဘာဖြစ်နေတယ်ဆိုတာ မပြောတက်တဲ့ဒီအရွယ်လေးတွေဖြစ်တာ တကယ်ရင်ထဲကိုယ်ပါပူနေရသည်။

"ပူတူး စားဖို့ကိုယ်စားပွဲပေါ်မှာပြင်ထားခဲ့တယ် စားလိုက်ဦး....ကိုယ့်ကို သမီးလေးကိုပေး"

"သားလေးတွေရော ကိုကို"

"အန်တီတို့ ခဏကလေးတင်လာခေါ်သွားတယ် ကောင်းခြင်းလေးတစ်ယောက်ပဲ ကျန်တော့တာ....သားကိုသစ္စာထိန်းနေတယ်"

သူကသူမထလို့လွယ်အောင် သူမရင်ခွင်ထဲကသမီးလေးကို သူကချီလိုက်တော့ သမီးလးကာ သူရင်ဘက်ကိုစမ်းလာတာကြောင့် ဖျော်ထားတဲ့နို့ဘူးလေးကို ပါးစပ်လေးထဲတေ့ပေးလိုက်စို့ရှာသည်။သူမမေးတာကိုပြောရင်းနဲ့ သမီးလေးပါးနီနီလေးတွေကို သူ့ပါးနဲ့ကပ်ကြည့်မိတော့ အိနေတဲ့ပါးအို့လေးကသူပါးနဲ့ထိတယ်ဆို အပူငွေ့ကိုခံစားလိုက်ရတာမို့ သမီးလေးကို သနားသွားရသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now