ARC 2.17

240 25 0
                                    

- 27

ရန်နိုင်ငံသို့စစ်မချီခင် တစ်ရက်အလို -

"ဟေး ကိုယ်စစ်တိုက်ထွက်ရတော့မယ်"

အဲဒီတော့..?

ရှောင်ကျန့်ကမျက်လုံးလည်လိုက်သည်။ သူစစ်တိုက်ထွက်တာငါ့နဲ့ဘာဆိုင်တုန်းဟ? ဒီဝတ်ရုံလက်ပြတ်အမှိုက်လိုအလုပ်ရှင်တစ်ယောက်ကတော့!

မင်ချန်းဟာ ဟေး၏ လက်ကိုဆွဲယူကာ ဟေးမျက်လုံးကိုအလေးအနက်စိုက်ကြည့်ပြီး:
"မင်းအပေါ်ကိုယ့်ရဲ့ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းရိပ်မိတယ်မလား ဟေး၊ ကိုယ်တော်စစ်တိုက်ပြီးပြန်လာရင် ဟေးကိုယ်တော့်ကို အဖြေပြန်ပေးဖို့စဉ်းစားထားပါ၊ ဒါပေမဲ့တစ်ခုရှိတာက အဖြေက ကိုယ်တော်ကြားချင်တဲ့အဖြေဖြစ်နေတာကိုပဲ ကိုယ်တော်လိုချင်တယ်"

ဝှက်သဟက်ခ်! ဒါက အဖြေတောင်းနေတာလား ဓါးပြတိုက်နေတာလားဟ!

ရှောင်ကျန့်ဟာ မနေတတ်စွာ သူ၏လက်အားဆုပ်ကိုင်ထားတဲ့ လက်တွေမှ ရုန်းထွက်ဖို့ကြိုးစားလိုက်သည်။ သို့ပေမဲ့ သူ၏ကြိုးစားမှုကအလုပ်မဖြစ်ချေ။

မင်ချန်းဟာ သူ့လက်ကနေရုန်းထွက်‌ချင်နေတဲ့ဟေးကို အသေအချာစိုက်ကြည့်ပြီး သူကိုင်ထားသော ထိုလက်က‌လေးများအားမြှောက်ကာ သူ့နှုတ်ခမ်းနှင့် ဖိကပ်လိုက်သည်။

သူမှန်းထားသောအတိုင်းပင်။ ဟေးဟာ သူ့အား နီရဲနေသောမျက်နှာ၊ ဝိုင်းစက်နေသော မျက်ဝန်းများဖြင့်စိုက်ကြည့်လာလေသည်။

မင်ချန်းက ခပ်ဖွဖွရယ်ရင်း ဟေးရဲ့လက်တွေကိုလွှတ်ပေးကာ ကြောင်အနေတဲ့ကောင်ကလေးရဲ့နဖူးကိုပါ တဖန်ဖိနမ်းပစ်ပလိုက်သည်။

ဒုတိယမ္ပိ အနမ်းခံလိုက်ရတဲ့ ရှောင်ကျန့်မှာတော့ လွင့်နေသောသူ့၏ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲပြန်မရောက်သေးဟန်။

[ W/N : Legend said he's still standing there (LMFAO) ]

သူပြန်သတိဝင်လာချိန်မှာတော့ ထိုဝတ်ရုံလက်ပြတ်အမှိုက်လိုအလုပ်ရှင်ဟာ သူ့အားခပ်ပြုံးပြုံးစိုက်ကြည့်နေတာကို သူမြင်လိုက်ရသည်။

အရှက်တွေပိနေသော‌ ရှောင်ကျန့်မှာ သူ၏အလုပ်ရှင်အား လက်ညိုးတထိုးထိုးဖြင့် "ခင်ဗျား.. ခင်ဗျားကြီး!" ဟူသော စကားမှလွဲ၍ ဘာမှထပ်မံမထွက်လာပေ။

Upgrade The Backup Characters To Main Characters SystemOnde histórias criam vida. Descubra agora