Chapter 68

7.5K 366 14
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 68

"တိုလေး"

"ဂြော သည်း"

သူမတို့လင်မယားကဆိုဖာပေါ်ထိုင်ကာ အောက်ကသိုးမွှေးခင်းထားတဲ့အပေါ် ကလေးတွေကိုထိုင်ရပ်လေးတွေထားလျက် ကစားစရာလေးတွေပေးထားသည်။သူနဲ့သူမက TV ကဇာတ်လမ်းကိုကြည့်နေစဥ် အကြီးလေး နဲ့ သားအငယ်လေးကသူတို့လက်ထဲကအရုပ်လေးတွေနဲ့ငြိမ်နေပြီး ကျန်နှစ်ယောက်ကတော့......

"တိုတို နဲ့ တိုဂြီးက တဲတို့နဲ့ ဆော့ဘူးရား"

"အွန်း တိုကြီး နဲ့ အနယ်ကောင်က ဆော့ဘူး"

ဆောင်းအမွှေစိန်မောင်နှမငြိမ်နေလို့ TV ကြည့်နေရာကနေ သူတို့မောင်နှမရှိရာကြည့်လိုက်တော့ မောင်နှမနှစ်ယောက်ပေါင်းပြီး သားတို့နှစ်ယောက်အတင်းကိုပြောနေကြတာပင်။သားလေးတွေထဲမှာတေည့ ကောင်းခြင်းလေးက မောင်နှမစိတ်ဓာတ်ပိုရှိသည်ပြောရမည်။သူ့ညီမလေးဘာလုပ်လုပ်ကို အခုပးအရွယ်လေးကတည်းက ပေခံသည်။

"ရော့ သားတို့ TV ကြည့်ရင်းစားဖို့ အန်တီပြင်လာပေးတာ"

အစက အန်တီကိုသူမကိုယ်ဝန်ရှိတုန်းလေးခဏငှားတာဆိုပင်မဲ့ ကြာတော့သူမလေးကလည်းသံယောဇဥ်တွယ်သွားတာမို့ သူတို့ပဲရစ်ပြန်ရင်တောင်ခေါ်သွားဖို့ဆုံးဖြတ်ထားသည်။အခုလည်း သူတို့မိသားစု TV ကြည့်နေတယ်ဆို စားဖို့အတွက်စိတ်ထားပြီးသား ပန်းသီးပန်းကန်ကိုလာချပေးသည်။

သူအတွေးကောင်းနေခိုက် စားပွဲခုံပေါ်တင်ထားတဲ့ပန်းသီးပန်ကန်လေးကို ခုံကိုကိုင်ကာမက်တပ်ထရပ်ပြီး ပန်းသီးစိတ်ကိုလှမ်းယူတဲ့ ကောင်းခြင်းစေရာလေး။သားလေး ပန်းသီးယူတာကို သူနဲသူမတွေ့ပင်မဲ့ ဘာမှမပြောသေးပဲကြည့်နေမိသည်။လက်လေးကအများကြီးမဆံတာကြောင့်အရင်ဆုံးတစ်စိတ်ကိုယူပြီးတစ်ဖက်ကိုထည့်ကာ နောက်တစ်စိတ်ထပ်ယူကာ ခုံကိုလူကိုယ်နဲ့မှီထားတာခွာလိုက်တယ်ဆို ဖင်ထိုင်ရပ်လေးပြန်ကျသွားသည်။

သားလေးရပ်နေနေရာကထိုင်ကျသွားတယ်ဆို သူ နဲ့ သူမလန့်သွားရပင်မဲ့ ဖင်ထိုင်ရပ်ကျသွားတဲ့ သားကတစ်စက်လေးတောင်မငိုပဲ သူညီမလေးအနားဖင်လေးကိုတွန်းတွန်းပြီးသွားတာလေးကအသည်းယားစရာ။အသည်းလေးနားရောက်တယ်ဆိုသားက လက်နှစ်ဖက်မှာကိုင်ထားတဲ့ ပန်းသီးစိတ်လေးနှစ်စိတ်ထဲကတစ်စိတ်ကို သူအင်္ကျီလေးနဲ့သုတ်ပြီး ပေးလိုက်တာကြောင့်.......

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now