Chapter 69

7.4K 283 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 69

"ရော့ သမီးအန်ကယ်ပေးတာ သမီးအတွက်မွေးနေ့လက်ဆောင်"

ဆိုကာ သူအဆင်သင့်ပြင်ထားပြီးသားဖြစ်တဲ့ ဆွဲကြိုးဘူးလေးကိုထုတ်ကာ လီလီလေးရှေ့ကိုပေးလိုက်တော့ လီလီလေးကလက်သေးသေးလေးဆိုတော့ သူလက်ထဲကဗူးကိုယူမရတာကြောင့်.....

"ရဘူး ရေ"

ကိုယ့်ကလေးတွေထက်တစ်လငယ်တဲ့ကလေးက စကားပြောနေပြီဖြစ်တာကြောင့် အခုခေတ်ကလေးတွေရဲ့ သွက်လက်မူတွေကို သူမှာလက်မြှောက်ရသည်။ခဏကလဲ သားတော်မောင်ကလဲ လီလီပန်းသွေးလေးကိုကြီးလာရင်ယူမှာဆိုတာကြောင့် နည်းနည်းသိတက်ရင်တော့ နည်းလမ်းမှန်ကန်စွာလိုက်ဖို့သူသင်ပေးရမည်။မဟုတ်ရင်သူလိုဆေးခတ်ပြီးယူမှ ကိုနေနဲ့တွေ့ရင်မလွဲပေ။

Mine Coffeeရောင်ဘူးလေးကိုဖွင့်လိုက်ပြီးအထဲကနေ လီလီပန်းလေးကစိန်လုံးလေးကိုငုံထားတဲ့လော့ကတ်လေးပါတဲ့ဆွဲကြိုးလေးကိုထုတ်ကာ လီလီလေးရှေ့ပြလိုက်ပြီး လက်သေးသေးလေးထဲထည့်ပေးလိုက်သည်။သူပေးလက်တဲ့ဆွဲကြိုးလေးကို လီလီလေးကပါးစပ်ထဲထည့်ဖို့လုပ်တာကြောင့်.....

"သမီး အဲ့တာစားရတာမဟုတ်ဘူး သမီးအန်ကယ်က သမီးကိုလည်ပင်းမှာဆွဲဖို့ပေးတာ"

ကိုနေက သူ့သမီးလက်ထဲကဆွဲကြိုးလေးကို ယူကာ သူ့သမီးလေးလည်ပင်းကိုဆွဲပေးလိုက်သည်။လီလီပန်းသွေးလေးလည်ပင်းဆွဲပေးလိုက်ပြီးတယ်ဆို သူကသူနေရာသူပြန်ထိုင်တော့ သမီးလေးကသူများကို လက်ဆောင်ပေးရမလားဆိုပြီး စိတ်ကောက်တဲ့အနေအထားနဲ့ အမေဖြစ်သူအပေါ်မှာသူကိုကျောပေးထားသည်။သားကတော့ သူဆီကိုလက်ကမ်းပေးတာကြောင့် ခေါ်လိုက်ရသည်။

"ဂျစ်ဂျာရေးရော ပါးပါ တေးတေးရေးက"

"ဟမ် ဘာကိုပြောတာလဲ သား"

"တေးတေးရေးဂိုဂြောတာရေ ပါးပါး"

ပထမပြောတဲ့စကားကတည်းကသူရှင်းရှင်းလင်းလင်းကြားလိုက်ပင်မဲ့ သူနားကြားမှားတာများလားထင်မိကာ နောက်တစ်ခါမေးလိုက်တော့ သားကထိုစကားကိုပဲအတည်ပြုလာသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now