ဇာတ်လမ်းအကျဥ်းချုပ်

4.1K 250 0
                                    

Unicode

ဇာတ်လမ်းအကျဥ်းချုပ်

ပိုး မွေးသလို မွေးကာ အလိုလိုက်ခံထားရသည့် တု မိသားစု၏ သမီး တု ယုံးဝေ သည် သူမ မသေခင် အချိန်အတွင်း ပိုက်ဆံတစ်ပြားမှ မရှိတဲ့ ဘဝဆိုတာကို ခံစားဖူးသွား၏ ။ သူမ ပြန်လည်‌ မွေးဖွားလာပြီးနောက်မှာ‌တော့ ဖန်းကျင်နှင့် ကျန်း ရှိန်းကျဲ တို့အကြားက အချစ်ကို အထောက်အကူ လုပ်ပေးရမည့် ဆိုးဝါး‌လှသော အမျိုးသမီး ဇာတ်ရံ တစ်ယောက်နေရာ မှ ထပ်မံ ပါဝင်တော့မည် မဟုတ်ချေ ။ သူမက သူမ မိသားစုနဲ့ မိသားစုရဲ့ ငွေတွေ ကို ကာကွယ်သွားရင်း သူမရဲ့ လူချမ်းသာ ဘဝလေးကို ပုံမှန် သမားရိုးကျလေးသာ ဖြတ်သန်းသွားချင်မိတော့သည် ။ သူမ ရဲ့ မကောင်းတဲ့ သူငယ်ချင်းက လက်တ‌လောမှာ သူမ တု ယုံးဝေကို ဘယ်လောက် သွေးထိုးထိုး စိုးရိမ်တကြီးနဲ့ ပြဿနာရှာ ဝင်ပါတာမျိုး မလုပ်တော့သည်ကို တွေ့လိုက်ရသောအခါဝယ် ထ ပေါက်ကွဲလျက် : "တု ယုံးဝေ နင်က ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ ! ? "

....

တစ်ထိုင်တည်း ဖတ်ထားသော မင်မင် review ပေးမယ်နော်။

Rebirth novel ကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့ fml က သူစေ့စပ်ထားတဲ့သူ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ကြောင့် ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့သူပေါ့။ ဒါပေမဲ့ ကံကြမ္မာကြီးက သူမကို ဒုတိယအခွင့်အရေးဆိုတာကြီးကိုပေးလာခဲ့တယ်။ ဒိတစ်ကြိမ်မှာတော့ သူမက အရာရာတိုင်းကို သိရှိပြီးသွားပြီဖြစ်တာကြောင့် ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ကြားလည်း ဝင်မပါတော့ဘူး။ စာလုပ်တယ်။ မိသားစုကိုပဲဂရုစိုက်တယ်။ ပိုက်ဆံတွေကိုပဲချစ်မြတ်နိုးတော့တယ်။

ဒါပေမဲ့ သူမ သေသွားရတဲ့အဓိကတရားခံကတော့ ကြားကနေ သွေးထိုးလှုံ့ဆော်ပေးတဲ့ သူငယ်ချင်းကောင်းယောင်ဆောင်နေတဲ့သူတစ်ယောက်ကြောင့်ပါ။ ဒီတစ်ခေါက်အသက်ပြန်ရှင်လာတော့ သူမက သူငယ်ချင်းအစစ်နဲ့ အတုကိုပါ ခွဲခြားသိမြင်နိုင်လာပြီး ရိုက်ချက်အကြီးကြီးတွေနဲ့ဆော်ဖို့ ပြင်ပါတော့တယ်။

နောက်ပြီး ml နဲ့ fml တွေ့ပုံလေးကအဆန်းလေးနော်။ အဲ့အပိုင်းဖတ်ပြီး ဒါဒါလေးတို့ရယ်ချင်မိလိမ့်မယ်။ မspoil တော့ဘူးနော်။ ဖတ်ကြည့်လိုက်နော်။

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now