Unicode
အခန်း ၁ ။
မေလ၏ အစောပိုင်းနွေရာသီ နေ့လည်ခင်း တစ်ခုတွင် လေပြေလေညှင်းတို့က သန့်ရှင်းသည့် နေရောင်ခြည်နံ့တို့ဖြင့် ပြည့်နှက် သင်းပျံ့လျက် ရှိနေပါသည် ။
တု မိသားစုရဲ့ သမီးဖြစ်သူ တုယုံးဝေ တစ်ယောက် သူမ၏ အိပ်ရာအကြီးကြီး ပေါ်၌ ထိုင်နေသည်မှာ တစ်နာရီခွဲ လောက်ပင် ရှိနေပါပြီ ။
မြို့တော်အေရဲ့ ပထမဆုံး နှင်းကျတဲ့နေ့မှာပဲ ရှန်းချင်ပင်လယ်အော်ကနေ သူမခုန်ချခဲ့သည် ။ ပြီးတော့ သူမခန္ဓာကိုယ်ထဲ ပင်လယ်ရေတွေက နင်းကန်ဝင်ရောက် လာခဲ့ခြင်းကြောင့် သူမကိုယ်သူမ သေသွားပြီးပြီ ဆိုတာ တုယုံးဝေ ရှင်းရှင်း လင်းလင်း သိသည် ။ သို့သော် သူမ မျက်လုံးတွေကို နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်တဲ့အချိန်မှာ သူမရဲ့ အိပ်ရာအကြီးကြီးပေါ်သာ ပြန်ရောက်နေသည်ကို တွေ့လိုက်ရတော့၏ ။
ပြတင်းပေါက် အပြင်မှာလည်း နေလုံးကြီးက တောက်ပနေပြီးတော့ ထူထဲတဲ့နှင်း ဆိုတာရဲ့ ဘာအရိပ် အရောင်မှကို မတွေ့ရပေ ။
သူမ ဒီအကြောင်းကိုပဲ ထိုင်စဉ်းစားနေရင်း အချိန် တစ်နာရီခွဲ ကုန်သွားခဲ့သည် ။ သူမ စဉ်းစားရသမျှကနေ ဖြစ်နိုင်ချေ နှစ်ခုထွက်လာ၏ ။ တစ်ခုက ပြီးခဲ့တဲ့ နှစ်တစ်ဝက်စာ မှတ်ဉာဏ်တွေ အားလုံးက ဒီအတိုင်း မက်ခဲ့သည့် ဆိုးရွားတဲ့ အိပ်မက်ဆိုး သပ်သပ် ဆိုတာရယ် ၊ နောက်တစ်ခုက သူမအသက် ပြန်ရှင်လာတယ် ဆိုတာရယ်ပဲ ။ တုယုံးဝေရဲ့ အဆင့်တွေက သိပ်မကောင်းပေမဲ့ သူမက သိပ္ပံနည်းကျတဲ့သူ တစ်ယောက်ပါ ။ သူမအမေကမှ ဒီလို ထူးထူးဆန်းဆန်းတွေကို ယုံတာလေ ။ ဒီတော့ သူက တွေးလိုက်မိတယ် ...
‘အို့ ချီးးးဟေ့ တကယ်ကြီးကို အသက်ပြန်ရှင်လာတာပဲ !’
လေသည် ဟူးခနဲအသံနှင့်အတူ ပိတ်ထားသောပြတင်းပေါက်အား ပွင့်သွားအောင်ကို တိုက်ခတ်သွားခဲ့လေ၏။
CZYTASZ
မပြည့်စုံသော သူဌေးမလေး
RomansRebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်းထိုင်ဖတ်တဲ့အထိပါပဲရှင့်။ ဒါဒါလေးတို့လည်း ဖတ်ကြည့်ကြပါဦးနော်။