အခန်း ၂၇ မှ ၃၀

512 48 7
                                    

မပြည့်စုံသော သူဌေးမလေး:
အခန်း ၂၇ ။ [ အပေါ်၌ ]

 

ကျန်း ရှောင်ယန် ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည် ။ တု ယုံးဝေ သူမ လက်မောင်းများကို ပိုတင်းကာ သူ့ကို တင်းတင်း ဖက်လိုက်၏ ။ “ အဆင်ပြေတယ် ၊ အဆင်ပြေပါတယ် ၊ အခု အားလုံး ပြီးသွားပြီနော် ”

 

ပြန်လာဖို့ အချိန်ကောင်းရောက်သွားသလိုမျိုး ဒေါက်တာ မုန်က ရေ တစ်ဖန်ခွက်နှင့် လမ်းလျှောက် ဝင်လာခဲ့သည် ။ “ ငါ မင်းအတွက် ရေယူခဲ့တယ် … အာ ! ငါ နှောင့်ယှက်မိသွားတာလား ? ”

 

ကျန်း ရှောင်ယန် သူ့မျက်လုံးတွေ ပင့်လိုက်ရင်း တိတ်တဆိတ်သာ ကြည့်နေခဲ့၏ ။ တု ယုံးဝေ ထရပ်၍ ရေကို ယူလိုက်ကာ : “ ကျေးဇူး တင်ပါတယ် ၊ ဒေါက်တာ မုန် ”

 

တု ယုံးဝေ ရေနွေးနွေးလေးကို ကျန်း ရှောင်ယန်ဆီ သယ်သွားပြီး သူ့ကို ပြောခဲ့သည် ။ “ ရှင် ရေသောက်ချင်လား ? ”

 

“ အင်း ကျေးဇူးပဲ ” ကျန်း ရှောင်ယန် ခွက်ကို ယူ၍ သောက်လိုက်၏ ။ တစ်ငုံ သောက်ပြီးနောက်တွင် သူ့ စိတ်ခံစားမှုတို့ကလည်း ဖြေးညှင်းစွာ တည်ငြိမ်လာတော့သည် ။

 

ဒေါက်တာ မုန်သည် သူ့ခုံမှာ ထိုင်လိုက်ရင်း ကျန်း ရှောင်ယန်ကို ကြည့်၍ ပြောလိုက်၏ ။ “ ငါ မင်းကို အကြိမ်ရေ အများကြီးပြောပြီးပြီ ၊ လင်း‌ ဟွေ့ သေတာက မင်းအမှားလို့ ဘယ်သူမှ မတွေးကြဘူး ၊ ဒါကြောင့် မင်းကိုယ်မင်း နှိပ်စက်မနေနဲ့ ” တု ယုံးဝေ ခုံရှည်ပေါ် ထိုင်နေသော ကျန်း ရှောင်ယန်ကို ကြည့်လိုက်သည် ။ ‘ ဒီနှစ်တွေမှာ သူက လင်းဟွေ့ သေဆုံးမှုနဲ့ ချုပ်နှောင်တွယ်ထားတာကို ခံနေခဲ့ရတာ .. ခေါင်းကိုက်တာက သူ့ရဲ့ သူ့ကိုယ်သူ အပြစ်ပေးထားသလိုမျိုးလား ? ’

 

ကျန်း ရှောင်ယန်သည် ဒေါက်တာ မုန်၏ စကားများကို အရင်ကလိုပင် မတုံ့ပြန်ခဲ့ချေ ။ သူ ထ သာရပ်ခဲ့ပြီး တု ယုံးဝေကို ပြောလိုက်၏ ။ “ သွားကြစို့ ”

 

တု ယုံးဝေ အံ့သြသွားကာ : “ ဟင် …. ပြီးသွားပြီလား ? ”

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now