အခန်း ၁၆ မှ ၂၀ ။ (Unicode)

1.4K 115 4
                                    


အခန်း ၁၆ ။ [ ကျန်း ရှောင်ယန်က သူမခါးကို လှမ်းဆွဲလိုက်ပြီး သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည် ]

ချောင်းရွမ် စကားပြောပြီးသွားသည့်အခါ ဝန်ထမ်းအမျိုးသမီးကို သူမ အဝတ်အစားတွေ အမြန် စီစဥ် ပေးရန် ပြောလိုက်ပြီး သူမ သူငယ်ချင်းတွေကိုခေါ်ကာ ထွက်သွား‌တော့သည် ။ တု ယုံးဝေသည် ဆိုင်ထဲမှာပဲ အဝတ်အစား ရွေးနေတုန်းပေမဲ့ သူမ စိတ်က အနည်းငယ် ပျံ့လွင့်နေလေ၏ ။

ထိုစဉ် ဝေရွေက သူမကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည် ။ " ဒီတလော ချီယီနဲ့ ဆက်သွယ်ဖြစ်နေသေးလား ?"

" ဟင် ? " တု ယုံးဝေ ပေကပ်ကပ်နှင့် ပြောလိုက်၏ ။ " ဒီ နောက်ပိုင်း စာမေးပွဲနဲ့ အလုပ်ရှုပ်‌နေတော့ ဘာမှ မဆက်သွယ်ဖြစ်ဘူး "

ဝေရွေသည် သူမ မျက်လုံးတွေကို မှေးကျဉ်းပြီး ကြည့်လိုက်သည် ။ အဆက်အသွယ် ရှိတယ် မရှိဘူး ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲလို့ အရမ်း ကာ‌ရောတွေ မမေးလိုက်တော့ချေ။

" ယုံးဝေ နင်လည်း မြင်နိုင်တာပဲ ချီယီ ပွဲလေး လာတက်လိုက်ပါတယ် မိန်းမတွေ အများကြီးက သူ့အတွက် တိုက်ခိုက်ကုန်ကြပြီ ပိုပြီး လွယ်ကူမဲ့ ယောကျ်ားလေးမျိုးကိုပဲ ရွေးသင့်တယ်နော် "

တု ယုံးဝေ : " ..... "

သူမ သူမရဲ့ အဝတ်အစားတွေကို ချထားလိုက်ပြီး ဝေရွေအား ကြည့်လိုက်၏ ။ " အဲ့ဒီတော့ ငါတို့က ပါတီပွဲကို သွားကြဦးမှာလား ?"

" သွားမှာလေ သေချာပေါက် သွားရမှာပေါ့ ! " ဝေရွေသည် သူမ ရွေးထုတ်ထားသည့် အဝတ်အစားများကို တု ယုံးဝေကို ပေးလိုက်သည် ။ " ချောင်းရွမ် အခုလေးတင် ဘာပြောသွားလဲ နင် မကြားလိုက်ဘူးလား ? သွားရုံပဲ သွားရမှာကို။ မဟုတ်ဘူး ငါတို့ သူ့ထက်ကို ပိုသာအောင် သွားရမှာ ! ရှောင်ချောင် ဆိုင်ထဲ ရှိသမျှ ဈေး အကြီးဆုံး ဂါဝန်တွေ အကုန်ထုတ် ခဲ့ ! အကုန်လုံးက ချောင်းရွမ် အခု ရွေးလိုက်တဲ့ဟာထက် ပို ဈေးကြီးနေပါစေ ! "

" ဟုတ်ကဲ့ပါရှင့် ကောင်းပါပြီ ခဏလေးပဲ စောင့်ပေးနော် ! "

တု ယုံးဝေ : " ..... "

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now