အခန်း ၂၃ မှ ၂၅ (zawgyi)

139 7 0
                                    

အခန်း ၂၃ ။ [ ဒီ လက်ဖျားခါရလောက်တဲ့ ရည်းစား ကောင်လေး ပါဝါတွေ ]
 
 
တု ယီချိန်းကြောင့် တု ယုံးဝေ ရှက်သွားသည် ။
 
တု ယီချိန်း သူမ၏ မသက်မသာ ဖြစ်နေသောပုံကို မြင်ပြီးနောက် သူမ  ချီယီနှင့် ဘယ်လိုများ တည့်တည့်ရှုရှု နေထိုင်နိုင်သလဲ ဆိုတာကို ရုတ်တရက်ကြီး သိချင်သွားမိ၏ ။
 
သူ စကားပြောတော့မည့်အချိန်မှာပဲ တု ယုံးဝေ၏ ဖုန်းက တုန်ခါလာသည် ။ တု ယုံးဝေသည် သူမ ခေါင်းကို မြန်မြန်ငုံ့ကာ သူမ ဖုန်းနှင့် ဆော့ကစားနေသလိုမျိုး ဟန်ဆောင်လိုက်၏ ။
 
တု ယီချိန်း ပြုံးသာနေပြီး ဘာမှမပြောချေ ။
 
တု ယုံးဝေ ဖုန်းထဲမှ မက်ဆေ့ခ်ျက ကျန်း ရှောင်ယန် ပို့လာခဲ့ခြင်း ဖြစ်သည် ။ သူမက မက်ဆေ့ခ်ျ သုံးခု ပို့ခဲ့ပြီး သူကလည်း အဲ့ဒီ သုံးခုလုံးကို စာပြန်ထား၏ ။
 
ကျန်း ရှောင်ယန် : အိုခေ
 
ကျန်း ရှောင်ယန် : ပြောစရာ တစ်ခုခုရှိရင် ဖုန်းပဲ တန်းဆက်လိုက် ၊ စာ ပို့ရင် ငါ မမြင်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်
 
ကျန်း ရှောင်ယန် သူမကို မက်ဆေ့ခ်ျသတ်သတ်လည်း ပို့ထားသေးသည် : ငါ မင်း အိမ်မှာ ၅နာရီခွဲဆို လာကြိုလိုက်မယ်
 
၃၀ ရက်နေ့က ကျန်း ရှောင်ယန်၏ မွေးနေ့ပွဲပင် ။
 
တု ယုံးဝေ : အိုခေ !
 
တု ယုံးဝေ ခဏ တွေးလိုက်ပြီး ဝေရွေကို မနက်ဖြန် သူမနှင့်အတူ အဝတ်အစား ဝယ် ၊ မျက်နှာပေါင်းတင် ၊ အလှသွားပြင်ရန် လိုက်မလားဟု မက်ဆေ့ခ်ျ ပို့မေးလိုက်သည် ။  
 
 
ဝေရွေ : ဘယ်ပါတီပွဲကို နင် ထပ်တက်ရမှာလဲ ?
 
ယုံး ဝေဝေ : ကျန်း ရှောင်ယန် ရဲ့ မွေးနေ့ပွဲ !
 
ဝေရွေ : …
 
‘ သူ့သူငယ်ချင်းက သူလိုက်မမှီနိုင်တဲ့ အမြင့်ကိုတောင် ရောက်သွားပြီထင်ပါရဲ့ J '
 
သူမ နှလုံးသားထဲ၌ စကားလုံးတစ်ချို့ တီးတိုး ရေရွတ်မိသော်လည်း နောက်နေ့တွင် တု ယုံးဝေနှင့် အဝတ်အစားဝယ် ၊ မျက်နှာပေါင်းတင် သွားလုပ်ရန် အချိန်ပေးခဲ့၏ ။
 
“ ဒီတော့ အခု နင့်အစ်ကို ဘယ်လိုနေလဲ ? ” မျက်နှာ ပေါင်းတင်နေသည့် နှစ်နာရီအတွင်း ဝေရွေသည် တု ယုံးဝေ၏ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောတာကို နားထောင် နေခဲ့သည် ။ ပြီးနောက် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်ကာ : “ ငါ ငါ့ရဲ့ ဗွီအိုင်ပီကဒ်ထဲက ငွေတွေ ပြန် နှုတ်တော့မှာ ၊ အရင်က ငါ မှာထားတဲ့ နားကပ်တွေလည်း မလိုချင်တော့ဘူး ! ငါ အတန်းဖော် သူငယ်ချင်း တစ်ချို့ကိုတောင် ကျောင်းနီ နဲ့ မိတ်ဆက်ပေးထားသေးတယ် ၊ သူတို့ကိုလည်း ငွေ ပြန်ထုတ်ခိုင်းရမယ် ! ”
 
 “ ဟေးးး ဒီတိုင်းသာ ထားလိုက်ပါ ” တု ယုံးဝေသည် သူမကို ရပ်တန့် လိုက်တော့၏ ။ ပြီးနောက် “ သူတို့ ပြတ်သွားကြပေမဲ့ ငါ့အစ်ကိုက သူ့ကို အရှက်ကွဲစေချင်မှာ မဟုတ်ဘူး ၊ သူ့ ဖောက်သည်တွေကလည်း မိတ်ဆက်ပေးပြီးသား ဖြစ်နေတော့ ရှေ့လျှောက် ဘယ်လိုဆက် ထိန်းထားနိုင်မလဲက သူနဲ့ပဲ ဆိုင်သွားပြီလေ ၊ တကူးတကကြီး သွားလုပ် မနေနဲ့တော့ရယ် ”
 
ဝေရွေသည် တု ယီချိန်း ကို သိသည် ။ သူက အတိတ်ကို အရမ်း တသသ ဖြစ်တတ်သည့်သူတစ်ယောက်သာ ။ အခု ကျောင်းနီ က ဖောက်ပြန်သွားပြီး သူတို့ ပြတ်သွားပေမဲ့ သူတို့ အတူ ရှိခဲ့သည့် ၇နှစ်တာ ကြောင့် သူ သေချာ‌ ပေါက် သူမကို နောက်ကျောကို နင်းလျှောက် သွားနိုင်မည် မဟုတ်ချေ ။ “ နင့် အစ်ကိုလို စရိုက်ရှိတဲ့သူတွေက တကယ် အရှုံးသမားတွေ ! ကျောင်းနီက သူ့ကို သေချာပေါက် ဦးထုပ်စိမ်း  ဆောင်း ( တခြားသူနဲ့ ဖောက်ပြန် ) ပေးသွားတာ အသိသာကြီးကို သူက သူမ ဘာဆက်လုပ်မလဲ ဂရုစိုက်နေသေးတုန်းး ! ”
 
တု ယုံးဝေ သက်ပြင်းချလျက် ပြောလိုက်၏ ။ “ အချိန်မှီ ရပ်လိုက်နိုင်တာ ကောင်းတယ် ၊ တော်‌သေးလို့ သူတို့ လက်မထပ်ရသေးတာ ၊ ၇နှစ်ကြီး များတောင် သူတို့ကလည်း အတူရှိလာတာဆိုတော့ အမှတ်တရကောင်း လေး နည်းနည်းပါပါး ချန်ထားပါစေ သူ့လည်း ”
 
ဝေရွေ နှုတ်ခမ်းတွန့်၍ ပြော၏ ။
“ နင်က အဲ့လို တွေးနိုင်ပေမဲ့ ငါတော့ မရဘူး ၊ ကြားရရုံနဲ့ကို အန်ချင်တယ် ”
 
တု ယုံးဝေ မျက်တောင်ခပ်လိုက်ရင်း သူမကို မေးလိုက်သည် ။ “ ရွေ .. နင် အခုထိ ငါ့အစ်ကို အပေါ် ခံစားချက်တွေ ရှိနေသေးတာလား ? ”
 
“ ဟဲ့ ! ငါက နင့်အစ်ကိုကို သုံးတန်း အရွယ်တုန်းကပဲ ကြိုက်ခဲ့ဖူးတာလေ ၊  ကျေးဇူးပြုပြီးတော့ ကို အဲ့အကြောင်း မြန်မြန်လေးမေ့ပစ်လိုက် ” ဝေရွေ အဖြေမထုတ်နိုင်ခဲ့ ။ ဘာကြောင့်များ သူမ အရေးကြီးသော မေးခွန်းတွေ မေးလိုက်တိုင်း တု ယုံးဝေက မမှတ်မိနိုင်ရဘဲ ဒီလိုမျိုး အရေးမပါသည့် ဘိုးတော်ဘုရားခေတ်က ကိစ္စများကိုမူ မှတ်မိနိုင်နေရသလဲ ဆိုတာကိုပင် ။
 
“ အိုခေ အိုခေ ငါ့အစ်ကိုအကြောင်း ပြောတာ ရပ်ရအောင် ၊ ဒီဝတ်စုံကို ဘယ်လိုထင်လဲ ! ” တု ယုံးဝေ  အနီရောင် ဝတ်စုံတစ်စုံကို ရွေးကာ သူမ ကိုယ်‌ပေါ် ကပ်ကြည့်လိုက်သည် ။ ဝေရွေ အဲ့တာကို တစ်ချက် လှမ်းကြည့်၍ ပြောလိုက်၏ ။ “ အဲ့ဒါ မဆိုးဘူး သူ့မှာ နန်း‌တော်ထဲက အမျိုးသမီးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ အရောင်မျိုးအပြင် သူ့မှာ အရှိန်အဝါတစ်ခုတောင် ရှိနေသလိုမျိုးပဲ ”
 
တု ယုံးဝေ : “ ….. ”
 
သူမ ဝတ်စုံကို ပြန်ချထားလိုက်ကာ ကြာစွယ်မြစ်ပုံစံ လက်လက် လေးတွေပါတဲ့ ပန်းရောင်ဝတ်စုံ‌လေးကို ရွေးထုတ်လိုက်သည် ။ “ ငါ ဒါလေး သွားဝတ်ကြည့်လိုက်ဦးမယ် !”

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now