Chapter 70

7.9K 384 4
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 70

သူမတို့မင်္ဂလာနှစ်ပတ်လည်နေ့မို့ Romantic ဆန်ဆန်လေးဖြတ်သန်းဖို့တွေးထားပင်မဲ့ ကလေးတွေကျေနပ်အောင် လည်ပေးလိုက်တာအခုညနေဆောင်းအထိအိမ်ကိုမပြန်ရသေးပဲ ပန်းခြံထဲကနေမပြန်ဘူးလုပ်နေတာကြောင့်....

"ကိုကို ပြန်မလိုက်ချင်တဲ့သူတွေကို ထားခဲ့လိုက်တော့ ပြန်ခေါ်မနေနဲ့တော့....ပူတူးတို့ပဲပြန်ကြမယ်"

ပါလာတဲ့ပစ္စည်းတွေကိုသိမ်းပြီးတော့ ကလေးတွေကို တွန်းလှည်းလေးတွေထဲကအေခေါ်မရဖြစ်နေတာကြောင့် သူမက ကိုကိုလက်ကိုဆွဲက ကလေးတွေကိုကျောပေးပြီ အနည်းငယ်လမ်းလျှောက်လာလိုက်ရင်း....

"ကိုကို ကလေးတွေကအကြောတင်းလေးတွေတွေ့လား မိဘတွေထွက်လာတာတောင်မငိုဘူး တကယ်မနိုင်တော့ဘူး"

"ကိုယ်တို့မင်္ဂလာနှစ်ပတ်လည်နေ့က ကလေးတွေကို အလည်ပတ်ပို့တဲ့နေ့ဖြစ်သွားပင်မဲ့ ညကြမှ ကိုယ်တို့အေးဆေး Ro ကြတာပေါ့"

သူ့ကလေးတွေကို စိတ်ဆိုးမှာဆိုးတာကြောင့် ကာပြီးပြောနေတဲ့ ကိုကို။မသိရင်သူမကပဲ မိထွေးကြီးကြလို့။ကိုကို နဲ့ သူမတို့နှစ်ပတ်လည်နေ့ဖြစ်ပင်မဲ့ ကလေးတွေပါပါတော့ သူမအတွက်တော့ အမှတ်တရနေ့ဆိုတာသေချာသည်။

"ဟိတ် ညရေးကိုဂေါ်ရဲရေ ပါးပါးရေ!"

သူနဲ့သူမစကားပြောနေခိုက် သားအသံလေးကမပီကလာပီကလာနဲ့ထွက်လာတာကြောင့် သူမနဲ့သူလှည့်ကြည့်လိုက်တော့ အမျိူးသမီးတစ်ယောက်က လှည်းထဲကသူမ သမီးလေးကိုချီဖို့လုပ်နေတာကြောင့် ဆောင်း ဒေါသထွက်သွားရကာ အနားကိုပြေးသွားပြီး သမီးကိုခေါ်ဖို့လုပ်နေတဲ့ ထိုမိန်းမလက်ကို ရိုက်ချပစ်လိုက်ကာ သမီးလေးကိုသူမကချီလိုက်သည်။

"ရှင် ဘာလုပ်တာလဲ ကျွန်မကလေးကို!"

Mine သူမပြောနေလို့ဘာမှဝင်မပြောပင်မဲ့ မိဘတွေအနားရှိနေတာတောင် ကလေးခိုးဖို့လုပ်နေတဲ့ မိန်းမကို သတ်ချင်စိတ်ပေါက်နေတဲ့မျက်နာထားနဲ့ကြည့်နေမိသည်။

"အဲ့တာ ငါ့သမီးလေး ငါ့ကိုပြန်ပေး!"

"သူခိုးက လူပြန်ဟစ်နေပြန်ပြီ ရှင်စကားတွေကို ဒီမှာတင်ရပ်လိုက်.....ဒါ ကျွန်မသမီး ကျွန်မကိုယ်တိုင်လွယ်မွေးထားတာ!"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now