Chapter 71

7.2K 378 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 71

ပဲရစ်ကနေမြန်မာပြည်ရောက်တာ 3 နှစ်အတွင်း သူ့အတွက် ပဲရစ်မှာနေရထက် ပိုပြီးအဆင်ပြေခဲ့သည်။ပြဿနာတွေဖြစ်ပြီးတာ ဒီလောက်ကြာသွားမှ Email ကနေ Sorry ဆိုပြီးပို့လာတဲ့ Oliver ကြောင့် Mine အတွက်ကဘာမှခံစားရတာမရှိတာမို့ စာဖတ်ပြီးတြယ် ပိတ်ပစ်လိုက်သည်။လွန်ခဲ့တဲ့ 5နှစ်လောက်ကသာ Sorry ဆိုတာ သူကြားရရင် ခွင့်လွှတ်ကောင်းခွင့်လွှတ်နိုင်ပင်မဲ့ အခုတော့ ကိုယ်လည်းမိဘနေရာရောက်နေပြီဆိုသော်လည်း စိတ်ကအဆင်သင့်မဖြစ်သေး။

Sorry ဆိုတာာအပြစ်လုပ်ထားတဲ့သူက သူအပြစ်တွေကို အကုန်ကျေပြီအထင်နဲ့ တောင်းပန်စကား။ဒါပင်မဲ့ ခံရတဲ့သူဘက်ကကြည့်ရင် Sorry ဆိုတာစကားလုံးတစ်လုံးထက်မပိုပါဘူး။သူတစ်ဘဝလုံးနာကျင်ခဲ့ရတာကို တစ်ခြားစကားတောင်မပြောပဲ Sorry တဲ့။သူတို့ တောင်းပန်လို့ H ကပြန်ရှင်လာမှာမဟုတ်သလို ပူတူးစိတ်ပင်ပန်းခဲ့ရတာတွေပြုပြင်လို့ရမှာမဟုတ်။

နာကျင်မူတိုင်းကို ဒဏ်ရာတစ်ခုလိုမှတ်ခဲ့တဲ့သူ့အတွက် ဒီစိတ်ဒဏ်ရာဟာ အသက်ရှင်နေသ၍ ရှိနေမှာမို့ သူတို့ကိုခွင့်လွှတ်ပေးဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးဆိုတာ သိစေချင်ပါသည်။အပြစ်လုပ်ခဲ့သူကတော့ ကိုယ်လုပ်ခဲ့တာတွေမေ့နိုင်ကြပင်မဲ့ ခံခဲ့ရတဲ့သူအတွက် မေ့ဖို့မလွယ်ခဲ့။

"ကိုကို "

Mine သူမ နဲ့ ကလေးတွေစားဖို့မနက်စာပြင်ဆင်နေတာက အပေါ်ပိုင်းအင်္ကျီမပါပဲ ကိုယ်ပေါ်မှာ ဘောင်းဘီအရှည်ထစ်ထည်သာရှိသည်။သူ Oliver ပို့တဲ့စာကိုဖတ်ပြီး ဝတ်ထားတဲ့ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းပြန်ထည့်ကာ မနက်စာပြင်နေရင်း အတွေးလွန်နေခိုက် သူမက သူ့ခါးကိုလာဖက်ထားတာကြောင့်.....

"ကိုယ့်ပူတူး နိုးပြီလား"

"ဟုတ် ဘာဝိုင်းပြင်ပေးရဦးမလဲ"

ကလေးတွေရဲ့မိခင်လို့မထင်ရအောင် သူကျောပြင်ကိုမျက်နာအပ်လျက် သူရဲ့ခါးကိုဖက်ကချွဲနေတဲ့ ပူတူးလေးက သူဝိုင်းလုပ်ရမှာလားလို့ မေးလာတဲ့အခါပြုံးသွားတဲ့သူက လုပ်လက်စကို ထားကာသူမဘက်လှည့်လာပြီး သူမချိူင်းလေးကနေမက သူမခြေထောင်တွေကို သူခါးကိုချိတ်စေလျက် ပွေးလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now