JUN (Part 3)

57 8 4
                                    

"ဆယ်ဟွန်း ဒီနှစ်ကျောင်းကအားကစားပြိုင်ပွဲလုပ်ဖြစ်တယ်ဆို"

"အင်းး လုပ်မယ်ပြောနေကြတယ် ဆရာ ဆရာမတေပြောသံကြားတာပဲငါလည်း"
"ဒါ‌မဲ့သေချာသလောက်ရှိမယ်ထင်တယ်"

"အဲ့လိုဆို ငါ့တို့basket ballအသင်းကရော"

"မပါမဖြစ်ပေါ့ဂျုံမဲရယ်😌"

"ဟျောင့် အိုဆယ်ကိတ် ငါ့လာမဆွနဲ့ ပြိင်ပွဲဝင်ပြိုင်ဖြစ် ဝင်မပြိုင်ဖြစ်ပြောတာ ငါ့ဖဲ့စရာမလိုဘူး"

"ဟားးဟားးး အေးပါကွာ မင်းကလဲ ချစ်လို့စတာကို ဟီးးး"

"😖မင်းရည်းစားကြီးသွားချစ်"

"ဟားဟားးး"

ဆယ်ဟွန်းနဲ့ဂျုံအင် ကျောင်းထဲက သစ်ပင်ကြီးအောက်မှာ ထိုင်စကားပြောနေကြတုန်း ဘတ်ဟျွန်းရောက်လာတော့

"ဟျောင့် မင်းတို့ ယောက်ျားမတန်မဲ့ ဘာတေအတင်းတုပ်နေကြတာလဲ"

"ဟင်းးလူကောင်သာသေးတာ လူအရင်မမြင်ရ အသံကအရင်ကြားနေရတယ်"

"ဘာဖြစ်လဲ ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ်ပဲလေ"

"အမလေးးးအသံကျယ်တာ ကုသိုလ်ကံကြောင့်ဖြစ်ရသေး အံဩပါ့🙄"

"မင်းသာ အသားပဲမဲနေတာ ဂင်ဂျုံမဲ🤪"

"ဟ မင်းတို့ကောင်တေနော် ငါ့ကိုပဲ ဒါလေးပဲလာလာထိနေကြတယ်😓"
"ငါက ညိုတာပါ ညိုချောလေးပါမင်းတို့ကလဲ"

"ကဲ ထားပါထားပါ ဒါနဲ့ ဆယ်ဟွန်း ဂျွန်မြောင်ရော"

"ဂျွန့်မေမေနေမကောင်းလို့တဲ့ နောက်ကျမယ်ပြောတယ် ငါစောင့်မယ်ပြောတော့လည်း ဆေးခန်းပြပြီးမှလာမှာမို့ အတန်းလည်းနောက်ကျချင်နောက်ကျမှာ မင်းသာစာကူးပေးထားဆိုပြီး သွားနှင့်ခိုင်းတာ"

"ဟူတ်ပါပြီ အဲ့လိုဆိုလည်း"

"ကဲ အတန်းလည်းတက်တော့မယ် ငါတို့လည်းသွားစို့"

ကျနော်တို့စာသင်ခန်းထဲရောက်ပြီးနာရီဝက်လောက်ကြာတဲ့ထိ'ဂျွန်'က ရောက်မလာသေး..ဟူးးးအဲ့ကောင်လေးအဆင်ပြေမှာပါနော် ဘာမှတော့မဖြစ်လောက်ဘူးမလားး.....

"အိုဆယ်ဟွန်းးး"
"အိုဆယ်ဟွန်းးးးး"

"ဗျာ..ဗျာ..."

JUNWhere stories live. Discover now