JUN (Part 4)

49 6 0
                                    

"မောနီး သား"

"မောနီး appa omma
သားကျောင်းသွားပြီနော် အပြင်မှာ ဆယ်ဟွန်းရောက်နေပြီတဲ့"

"သားး!
မနက်စာရော.."ဟု ဂင်အိုမားမှ မေးလိုက်ခြင်းပေ။

"ရတယ် သားမစားတော့ဘူး ဆယ်ဟွန်းနဲ့ အတူစားလိုက်မယ်အပြင်မှာပဲ
အော် ပြီးတော့ Omma!! သားညနေကျ အိမ်ပြန်တာ နောက်ကျမယ်နော်..." ဟု ဂျွန်မြောင် အော်ပြောရင်း အိမ်ရှေ့ ဆယ်ဟွန်းရှိရာသို့ ပြေးထွက်ခဲ့သည်

"ဂျွန် ရာ ဘာလို့ပြေးလာတာလည်း ချွေးတေထွက်နေလိမ့်မယ် ကျောင်းသွားရမှာကို"

"ဟွန့် မင်းကလည်း ဒီလောက်လေးပြေးတာ ဘာမှမဖြစ်ပါဘူး"

/ဟော ကြည့်! ကျနော့် "ဂျွန်"ဆိုသည်မှာလေ  သူ့ကို ချွေးလေးတေထွက်နေမှာဆိုးလို့ စေတနာနဲ့ပြေသည်ကို မသိသည်လားနော်.. အဟင်းးဒီလိုမျိုးပြောလိုက်ရင် ပြန်ပြန်ပြောတာလေးကလည်း ချစ်စရာရယ်ကွာ../
(သူ့အပိုင်ကြီးကျ လို့ ကျနော့်"ဂျွန်"တဲ့😖)

"ဟုတ်ပါပြီ‌ဗျာ လာတက် မနက်စာမစားခဲ့ရဘူးမလား အရင်သွားစားမယ်"

"ဟီးး ဟုတ်တယ် သွားစားမယ် အရင်"

/မင်းအရမ်း ချစ်စရာကောင်းတယ် ဂျွန် ရယ်...ငါမင်းကို ဘယ်လိုစိတ်ချရပါ့မလဲ../

/ခများတို့သိလား

ကျနော်အဖြူရောင်ကြိုးလေးကို ဖြူစင်စွာအရောင်စွန်းကာ ချစ်ခဲ့မိတာ သူတစ်ယောက်သာပါ "ဟွန်း"တစ်ယောက်အတွက်ပဲ../
/ဒါနဲ့ ကျောင်းသွားတဲ့ အချိန်တိုင်း ချစ်ရတဲ့သူရဲ့ စက်ဘီးနောက်ကနေလိုက်စီးပြီး သူနဲ့အတူသွားရတဲ့ခံစားချက် ဘယ်လောက်မိုက်တယ် ထင်လဲ ခများတို့ ဟီးးကျနော် ဂျွန်မြောင် ကတော့ အရမ်းသဘောကျတာ.🤭/

ဒါကတော့ မနက်တိုင်း ဆယ်ဟွန်းနဲ့ဂျွန်မြောင်တို့ရဲ့နှစ်ယောက်သား အတူ တစ်နေ့တာကိုစတင်ခြင်းပဲ...
လမ်းမလေးထက် စက်ဘီတစ်စီးနဲ့ ကောင်းလေးနှစ်ယောက်တို့ရဲ့ မျက်နှာပေါ် အပြုံးများဆင်မြန်းနေတတ်တာကတော့ သူတို့လေးတေရဲ့အတွေးထဲမှာ သာယာကြည်နူးမှုတေရစ်နွှယ်နေ၍ပဲဖြစ်မည်ထင်...

JUNWhere stories live. Discover now