JUN (Part 11)

32 7 0
                                    

December 1





ဘာလိုလိုနဲ့ဒီဇင်ဘာတောင်ရောက်ခဲ့ပြီ ဟွန်း..

ငါမင်းကို အရမ်းလွမ်းနေရပြီ..

ဆောင်းရာသီရဲ့ ဒီဇင်ဘာလ ပထမဦးဆုံးရက်လေး..

ကျယ်ဝန်းလှသောဆေးရုံဝန်းကြီးအလယ်မှာ အဖြူရောင်နှင်းဆီပန်းစည်းလေးကိုင်ကာ လမ်းလျှောက်လာနေသောကောင်လေးတစ်ယောက်..

ဖြူအုလွန်းကာ သိပ်ကိုနုနယ်လွန်းလှသည့်ထိုကောင်လေးမှာ လက်ထဲကနှင်းဆီပန်းဖြူဖြူတွေနှင့်ပနံသင့်လှပေရဲ့..

ထိုကောင်လေးကိုထိုဆေးရုံမှလူအများစုလည်းမျက်မှန်းတန်းမိနေလောက်ပါပြီ..

နေ့စဉ်ရက်ဆက် တစ်ရက်မှမပြတ်ဘဲ တစ်ယောက်သောဆီကို ရောက်ရောက်လာတတ်တာဟာ သူ့အတွက်တော့မရိုးနိုင်သော အရာတစ်ခုလိုပင်..


ချစ်ရသူဆီကိုရောက်ဖို့ဆိုလျှင် ကျွန်တော်လျှောက်လမ်းရမယ့်လမ်းတိုင်းကို ယုံယုံကြည်ကြည်နဲ့လျှောက်လှမ်းမှာပါ..

ကျွန်တော်နောက်တစ်ကြိမ် သူ့ကိုလက်လွှတ်သွားရမည်ဆိုလျှင် ကျွန်တော့်ကမ္ဘာကြီး ပျက်သွားလိမ့်မယ်..

သူသာမရှိရင် ကျွန်တော်ဆိုတာလည်းရှိနိုင်မယ်မထင်တော့ဘူး..


"ကျွီ.."

ဆေးရုံကြီး၏ လူနာခန်းပေါင်းများစွာမှ တစ်ခုတည်းသော အခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ

သူ..

ဆောင်းရာသီဖြစ်၍ နေရောင်ဖျဖျသာကျရောက်နေသော အခန်းလေးအတွင်း ဖြူလျော့စွာ အေးအေးချမ်းချမ်း လဲလျောင်းနေသော သူ..

"ဟွန်း"

ဂျွန် ဟွန်းအနားကိုသွားထိုင်ပြီး ရှည်သွယ်သွယ်လေးနှင့် လှနေတတ်သည့် ဟွန်းလက်ကလေးကိုဆုပ်ကိုင်ထားမိသည်..

ဟွန်းမျက်နှာထက် နေရောက်ဖျော့ဖျော့ကျရောက်နေတဲ့အခါ နှဖူးပြင်ပြေပြေ မျက်ခုံးတန်းတန်းကလေးနဲ့ မျက်တောင်စိပ်စိပ်ကလေးတို့ဟာ မထိရက်စရာ ကြည်ကြည်လင်လင် ရှိနေလေရဲ့..

ဂျွန် ဟွန်းမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း အကြည့်တို့ဝေဝါးလာရသည်..

JUNWhere stories live. Discover now