JUN (Part 9)

44 5 0
                                    

"အန်တီ"

"ဟင် ဂျွန်လေး လာလေ သား"

"ဟုတ် အန်တီ"

"သား ဂျွန်လေးရယ်
မင်း ဆယ်ဟွန်းကလေ ခုထိမထလာသေးဘူး  အန်တီမျှော်နေတာကို နိုးမလာသေးဘူး"

"အန်တီရယ် ဟွန်း က နိုးလာမှာပါ အန်တီရဲ့ ကျနော်တို့ ယုံကြရအောင်လေနော် ဟွန်းက သူချစ်တဲ့သူတေဆီ ပြန်လာမှာပါ"

မျက်နှာညှိုးငယ်စွာ မျက်ရည်များကြား ပြောလာတဲ့ ဟွန်းမေမေက စကားဆိုလာလေရဲ့

ကျနော်ကိုယ်တိုင်ငိုချင်သော်လည်း အန်တီ့ကို သာ ချော့မော့ပြောရင်း စိတ်ထိန်းထားရသည်

ကျနော့ရင်ထဲတွင်တော့ အကြိမ်ကြိမ် တောင်းမိနေသည်က ဆုတစ်ခုရယ်သာ

~အရှင်ဘုရား
ဟွန်းမြန်သတိရလာပါစေ...~

ကျနော် ဟွန်းရဲ့ကုတင်အနားကိုကပ်သွားလိုက်တယ်

ခေါင်းမှာ အဖြူရောင် ပတ်တီးစနဲ့ ကျနော် 
ချစ်ရတဲ့ ဟွန်း~

သူနာကျင်နေမှာဘဲ~

ကံကြမ္မာရယ် ကျနော်သာ နာကျင်လိုက်ပါတော့လား~

ဟွန်း ပိန်ကျသွားလိုက်တာများ~

အဖြူရောင်ကုတင်ပေါ်က လဲလျောင်းနေတဲ့သူ~

ဂျွန်ပြောနေတယ်လေ ဟွန်း~

/ဟွန်း အမြန်ဆုံး သတိရလာပါတော့နော်
ဂျွန် တို့စောင့်နေတယ် /




"သား ဂျွန်လေး
ပြန်ရင်ပြန်တော့လေသား နားလိုက်တော့
ပင်ပန်းနေမယ်"

"ရပါတယ် အန်တီရဲ့ ကျနော် နေချင်လို့ပါ"

ကျနော့်ကို အားနာစွာဖြင့်နားခိုင်းနေသောအန်တီရယ်

ကျတော် ငြင်းပါစေ သူ့အနားကမသွားပါစေနဲ့

ကျနော့်မနက်ခင်းတိုင်းမှာ သူပါနေတတ်တဲ့အခါ သူ့အသံတေကြားနေတတ်တဲ့အခါ

အခုလိုသူအသံလေးမကြားရတဲ့အချိန်ဆို
ကျနော် ရင်ထဲ အထီးကျန်နေရတာ ကျနော်သာအသိဆုံးဖြစ်ပါလိမ့်မယ် အန်တီရယ်

JUNWhere stories live. Discover now