Chapter 72

7.1K 352 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 72

မနေ့က ကိုစေညွှန်းရာတို့အိမ်ကို အကြီးလေးကိုခေါ်သွားတာ အခုထိပြန်မပို့သေးတာကြောင့် ဒီနေ့မေကြီးတို့အိမ်လာတယ်ဆို အကြီးလေးပါမလာပေ။မေကြီးတို့အိမ်လာတယ်ဆိုတာကလည်း ကောင်းသောလာခြင်းတော့မဟုတ်ပေ။သူမတို့နေတဲ့နေရာကို မသိတာကြောင့်ရယ် တကယ်လို့သူမတို့အိမ်ကိုရောက်လာတဲ့အခါ လက်မခံမှာကိုသိတဲ့ ဒေါ်စံပယ်ဖြူက မေကြီးတို့ကတစ်ဆင့်သူမတို့ကိုတွေ့ချင်တယ်ပြောတာကြောင့် မဖြစ်မနေလာရသည်။

ကိုကိုက သူမတို့အိမ်ရောက်တယ်ဆို ကလေးတွေကို ဒေါ်စံပယ်ဖြူကိုမတွေ့စေပဲ ခေါ်လာတဲ့ ကလေးထိန်းတဲ့အတူ သူမနေခဲ့တဲ့အခန်းထဲမှာထားပြီးမှ ဒေါ်စံပယ်ဖြူအရှေ့ဝင်ထိုင်သည်။

"ဘယ်တော့မှလာမတွေ့ပါနဲ့ ပြောထားတာ အခုလာတွေ့တာက ဘာဒုက္ခများပေးစရာကျန်သေးလို့လဲ"

"သား မေမေမင်းအပေါ်မှားခဲ့တာတွေအတွက်နောင်တရပါတယ် ပြီးတော့ အခုကစ..."

လာပြန်ပြီ နောက်တစ်ယောက်။သူကိုသာ Oliver နဲ့တူတယ်ပြောတာ တကယ်တော့ ဒေါ်စံပယ်ဖြူကမှ Oliver နဲ့တူတာ။မနေ့ကမှတစ်ယောက်က တောင်းပန်တယ် အခုကြနောက်တစ်ယောက်။တစ်ယောက် နဲ့တစ်ယောက် ညှိထားတယ်တောင်ထင်ရသည်။

"ခွင့်လွတ်မူကိုလာတောင်းနေတာလား....အချိန်ကတအားစောလွန်းနေတယ် မထင်ဘူးလား....နှစ် 30 လောက်ခံခဲ့ရတာတွေကို တစ်မိနစ်လောက်တောင်းပန်လိုက်ယုံနဲ့ကျေရောလား....အဲ့လိုကလုပ်တဲ့သူတွေဘက်ကအထင် ခံခဲ့ရတဲ့သူအဖို့က မေ့ဖို့ဘယ်လွဲပါ့မလဲ....ဒါပင်မဲ့ ဒေါ်စံပယ်ဖြူ တို့လင်မယားကို တစ်ခုတော့ကျေးဇူးတင်တယ် မေတ္တာတရားခေါင်းပါတာရဲ့ နာကျင်မူကိုခံစားစေခဲ့လို့ ကိုယ့်ကလေးတွေအပေါ် အတက်နိုင်ဆုံးနွေးထွေးပေးတက်တာ"

"မိဘတစ်ယောက်ကတောင်းပန်နေတာတောင် မင်းကငရဲယူနေတာလား သူ့စေရာ"

ဒီတစ်ခါဒေါ်စံပယ်ဖြူစကားကြားပြီး လှောင်ပြုံးပြုံးလိုက်သူကတော့ Mine မဟုတ်ပဲ ဆောင်းသာဖြစ်သည်။ယောက္ခမဖြစ်သူစကားက သူမအတွက်ဟာသတစ်ခုထပ်တောင်မပိုပေ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now