Chapter 73

6.9K 305 5
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 73

ခရီးထွက်လာတဲ့ လင်မယားနှစ်ယောက်တော့ ကလေးတွေကို မေကြီးတို့နဲ့စိတ်ချရတာကြောင့် မန္တလေးအထိရောက်လာသည်။မန္တလေးရောက်တယ်ဆို ည 7နာရီလောက်ဖြစ်နေပြီမို့ Hotel မှာနေဖို့အတွက် နေလက်ရာ Hotel နဲ့ချိတ်ဆက်ထားပင်မဲ့လည်း သွားဖို့ကခရီးပန်းနေပြီဖြစ်တာကြောင့် အနီးအနားက Hotel မှာပဲတည်းလိုက်သည်။

"ကိုကို သဘောကျနေတာမဟုတ်လား မြန်မာမူတွေကို"

သူမ နဲ့ သူနေမဲ့အခန်းထဲရောက်တယ်ဆို ပြင်ဆင်ထားတဲ့ Hotel ရဲ့ရှေ့ဟောင်းလက်ရာပုံစံတူတည်ဆောက်ထားတာတွေကို အထူးအဆန်းဖြစ်နေတဲ့ ကိုကို ကြည့်ကာ အဖြူရောင်မွေ့ယာခင်းအပေါ် ပါလာတဲ့အထုတ်တွေတင်ရင်း မေးလိုက်တော့......

"ဟုတ်တယ် ပူတူး ကိုယ်တကယ်သဘောကျတယ် အခုမှပထမဆုံးမြင်ဖူးတာပဲ"

မြန်မာသွေးရောနှောနေပင်မဲ့ မြန်မာနိုင်ငံဆိုတာကို သူရောက်မယ်ဆိုတာကို အိမ်မတ်ထဲတောင်ရှိမနေခဲ့။အခုမြန်မုပြည်ရောက်တာ 3နှစ်ပြည့်တော့ပင်မဲ့ ရန်ကုန်တစ်ခုထဲသာ သွားလာတက်သေးတာပင်။

"ပူတူးကတော့ မန္တလေးကိုအခေါက်ပေါင်းမနည်းရောက်ဖူးတယ်.....မနက်ဖြန်ကြရင် ကိုကို ကို ဦးပိန်တံတားရယ် ရွှေစည်းခုံရယ်လိုက်ပို့မယ်"

"ဟုတ်ကဲ့ပါဗျ အိမ်ရှင်အစ်မကြီးပို့ပေးမှ ကျွန်တော်ကရောက်ဖူးမှာမို့ အားကိုးပါတယ်ဗျ"

"ကိုကိုနော်!"

သူမရဲ့ခါးလေးကိုဖက်လျက် သူမပုခုံးပေါ်သူမေးစေ့ကိုတင်ကာ ပြောလာတဲ့စကားက သူမကိုခနဲ့သလိုမို့ မကျေမနပ်နဲ့ နှုတ်ခမ်းဆူပြီးပြောတော့ ကိုကိုရီသံကထွက်လာသည်။

"ကိုယ်ကခနဲ့ပြီးပြောတာ မဟုတ်ပါဘူးကွာ ကိုယ်တကယ်ပြောနေတာ အခုမန္တလေးဆိုတာကို ပူတူးလမ်းညွှန်မူနဲ့ရောက်လာတာလေ ကိုယ်ကတစ်ခါမှရောက်ဖူးတာမဟုတ်ဘူး"

ကိုကိုက သူမလမ်းညွှန်မူလို့ပြောတာကြောင့် ကျောပေးထားရာကနေ ကိုကိုဘက်လှည့်လိုက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်တော့ အလိုက်သင့်လေး ဖက်ထားပေးသည်။လမ်းညွှန်တယ်သာပြောတာ မန္တလေးရောက်ဖို့ကို ပဲခူးကနေတစ်လျှောက်လုံး မေးစမ်းလာတာ အဲ့တာကို သူမကိုလမ်းညွှန်တဲ့။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤حيث تعيش القصص. اكتشف الآن