အပိုင်း-၃၀

6.4K 688 55
                                    

Unicode

တီ!!!!

ကျယ်လောင်လွန်းသည့် ဟွန်းသံကြောင့် နိုင်ဝေအိပ်ရာပေါ်မှထလိုက်သည်။ ကုန်းတစ်လျှောက် တီးလာပုံရသည့် အသံက ပိုနီးလေ ပိုပြီးရင်းနှီးသလိုလိုဖြစ်လာ၏။အိမ်ရှေ့သို့ထိုးရပ်သွားသည့်အခါ နိုင်ဝေသေချာသွားသည်မို့ စောင်ကိုပစ်ချကာ အိမ်ရှေ့တံခါးဆီအမြန်လှမ်းသွားလိုက်သည်။

"ဒေါက်တာ ဒေါက်တာ!!"

အော်သံက ကျယ်သည်။တစ်ဆက်ထဲမှာပဲ ခြံတံခါးကို ပြင်းပြင်းထန်ထန်ထုသံတစ်ချို့ ထွက်လာ၏။

"ဒေါက်တာမိုးမြင့်နိုင်ဝေ !!"

အိမ်တံခါးဖွင့်အပြီး စူးခနဲဝင်ရောက်လာသည့်အသံ။ လမ်းမီးတိုင်အောက်က ကားအနီလေးကိုမြင်လိုက်ရတာနှင့် ခြံတံခါးဆီနိုင်ဝေပြေးဆင်းလိုက်မိသည်။

"ဘာဖြစ်လာကြတာလဲ"

ရှင်းနောင်က တံခါးကိုကူဖွင့်ရင် တုန်ယင်နေသည်။ နောက်မှာတော့ အဲရစ်က အံကိုတင်းတင်းကြိတ်ကာ ဒေါသထွက်နေဟန်တူ၏။ လက်မှာသွေးတွေပေနေတာလည်းတွေ့ရသည်။ကလေးကရော နိုင်ဝေ့ရင်ဘတ်တစ်ခုလုံး ဗလောင်ဆူပွက်လာပြီ။

"ကလေး..."

"Williamဆေးမိထားတယ်"

မိုးကြိုးပေါင်းထောင်နဲ့ချီပစ်ချခံလိုက်ရသည့်နှယ် ခေါင်းနပန်းကြီးသွား၏။ကလေးက ဆေးမိလာတယ်။ရှေ့ကလူနှစ်ယောက်ကို တိုက်ကာ ကားအနီလေးထံ ခြေလှမ်းလိုက်သည်။နောက်ခန်းတံခါးကိုဆွဲဖွင့်တော့ ခုံပေါ်မှာခွေခွေလေးဖြစ်နေတဲ့ ကိုယ်လုံးကလေး။ နိုင်ဝေ့နှလုံးသားတစ်ခုလုံး ဖြုတ်ချခံလိုက်ရသလိုပင်။

"ဦး ဦးလေး ဟင်း"

ဖရိုဖရဲဖြစ်နေသည့်ပုံစံ၊ ရီဝေနေသော မျက်ဝန်းအစုံနှင့် ခေါင်းထောင်ကြည့်လာသည့် ကောင်လေးကသူ့ကိုမြင်တာနှင့် ညည်းညူရှာသည်။ အသံက တိုးတိုးလေး။ သို့သော် ကောင်လေးလုပ်လိုက်သည့် အပြုမူနောက်မှာ နိုင်ဝေ့ခေါင်းထဲ ပွက်လောရိုက်သွားသည်။

သူ့ပေါင်ခြံသူဆွဲဖဲ့ရင်း ထိန်းချုပ်ရခက်နေသည့်ပုံ...။တံခါးကိုကျောနှင့်ပိတ်ကာ ဘယ်သူမှမမြင်စေရန် အမြန်ကာလိုက်ရသည်။ ကောင်လေးမိထားတာ ရိုးရိုးဆေးမဟုတ်တော့။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now