75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)

128 8 0
                                    

နတ်နဂါးစစ်သည်
အခန်း ၇၅
( မခူးဆွတ်ရက်သော ပန်းတပွင့် )

ရှုချန်းသည် သူ့ထံသို့ ချဉ်းကပ်လာသော အရိုးစု လေးစုကို အိပ်မက်အလား ထင်မှတ်နေသော်လည်း ဝမ်းဗိုက်မှ နာကျင်မှုကြောင့် အိပ်မက် မဟုတ်မှန်း အတည်ပြုနိုင်ခဲ့သည်။

လင်လဲ့ အသံကို ကြားသောအခါ ရှုချန်း ပိုမို အတည်ပြုနိုင်ခဲ့သည်။ မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ၏ မျက်လုံး ဘာဖြစ်သွားသည်ကို သိချင်နေပေသည်။

ထိုအကြောင်းခြင်းရာကို ဓာတ်ခွဲခန်းတွင် သေဆုံးခဲ့သော သိပ္ပံပညာရှင်များသာ ရှင်းပြနိုင်ပေလိမ့်မည်။

အစောပိုင်းက သူ၏ မျက်လုံးများသည် အသေးစိတ် အချက်အလက်များကို တိကျစွာ တွေ့မြင်နိုင်စွမ်းရှိပေသည်။ သို့သော် ဤတိုက်ပွဲတွင် လူမိုက်ရာကျော်အား သေချာအာရုံစိုက် ကြည့်ရှုတိုက်ခိုက်ပြီးနောက်တွင် မျက်လုံးများမှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့လေပြီ။

မူလက လျင်မြန်စွာ လှုပ်ရှားသော အရာဝတ္တုများကို အသေးစိတ် မြင်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ သတ္တုများ၊ အရေပြားများ အပါအဝင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်နေပြီ ဖြစ်၏။

"ငါ ရေဆာတယ်..."

ရှုချန်း အသံတိုးတိုးဖြင့် ပြောလိုက်၏။

လင်လဲ့ သည် ရှုချန်းအား ရေယူပေးလိုက်သည်။ သို့သော် ချက်ချင်းမသောက်စေဘဲ မျက်လုံးများကို ဦးစွာ ပွတ်သပ်ပေးလိုက်၏။ မျက်လုံးများ ရေဓာတ် ပြန်လည်ပြည့်ဝသွားသည့်အတွက် ပိုမို သက်သောင့်သက်သာ ခံစားရသည်။ မျက်လုံး ပြန်လည်ဖွင့်လိုက်သည့်အခါ လင် မိသားစုတခုလုံးက သူ့အား စိတ်ပူစွာကြည့်နေသည်ကို တွေ့လိုက်ရ၏။

"အဖေနဲ့ အမေလည်း ရောက်နေတာပဲ..."

လင်ကွေ့ရန် စုံတွဲကို နှုတ်ဆက်လိုက်၏။

လင်ကွေ့ရန် က ကုတင်နံဘေးတွင် ဝင်ထိုင်ကာ ပခုံးပုတ်လိုက်ပြီး "တော်တယ်... မင်းအဖေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာပဲ... ဟွာရှကို ပြန်ရောက်တာနဲ့ တပ်ထဲဝင်မယ်လို့ ငါ မျှော်လင့်မထားဘူး..."

နတ်နဂါးစစ်သည်Nơi câu chuyện tồn tại. Hãy khám phá bây giờ