အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)

29 3 0
                                    

အခန်း ၃၀၅

( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)

ရှုချန်း၏ ဒေါသတကြီး ဟိန်းဟောက်သံကြောင့် ပရိသတ်များ အားလုံး သိုးငယ်လေးများပမာ ငြိမ်ကုပ်နေကြ၏။

အထူးသဖြင့် တယ်ရီနှင့် အခြား တော်ဝင်မျိုးနွယ်များ ဆိုလျှင် သူတို့ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ စူးရဲစွာ စိုက်ကြည့်နေသော ရှုချန်း၏ အကြည့်များ အောက်တွင် ယား၍ပင် မကုပ်ရဲကြ။

ထိုစဉ် လင်ချူရွယ်သည် တိုက်ရိုက်ထုတ်လွှင့်နေမှုကို အဆုံးသတ်လိုက်သင့်ပြီဟု ယူဆသဖြင့် ဖုန်းအနားသို့ တိုးကာ တီးတိုး ရေရွတ်လိုက်သည်။

"ပြိုင်ပွဲက ပြီးခါနီးပြီမလို့ ရပ်လိုက်တော့မယ်နော်... "

သို့သော် တစ်ဖက်ရှိ စစ်သားများမှာ အားမရသေးဘဲ ပြာပြာသလဲဖြင့် ဝိုင်းတားကြတော့၏။

"မလုပ်နဲ့ မလုပ်နဲ့... ခယ်မလေးရေ နေပါဦး... ခယ်မလေး လက်ညောင်းရင် ဘေးမှာ ရှိတဲ့လူကို ကိုင်ခိုင်းထားလိုက်ပါလား... ငါတို့ အကိုချန်း ဒီကောင်တွေကို ပညာပေးတာ ကြည့်ချင်သေးတယ်... "

"ဟုတ်တယ်...ခယ်မလေး စိတ်မလောပါနဲ့ဦး... တစ်ခုခု ဆက်ဖြစ်ဦးမယ်လို့ ကျွန်တော် သေချာပေါက် ခံစားနေရတယ်... အကိုကြီး ချန်းရဲ့ ဒေါသက ဒီလောက်နဲ့ ပြေမှာ မဟုတ်ဘူး... "

လင်ချူရွယ်လည်း ထို မက်ဆေ့ချ်များကို တွေ့သောအခါ လင်လဲ့အား ဖုန်းပေးလိုက်ကာ ကူကိုင်ခိုင်းလိုက်သည်။

ရှုချန်းသည် ပတ်ပတ်လည်ရှိ ပရိသတ်များကို ကြည့်ကာ...

"ဗြိတိန်ရဲ့ အလှပဂေးလေးက ငါ့မိန်းမ ဖြစ်လာလို့ မင်းတို့တွေ မျက်မုန်းကျိုးနေကြတယ်ဆိုတာ သိပါတယ်... မင်းတို့ရဲ့ နတ်ဘုရားမလေးကို အလုခံလိုက်ရတဲ့ စိတ်ကို ငါ နားလည်တယ်..."

"ဒါပေမဲ့ မင်းတို့ သိအောင် တစ်ခု ပြောမယ်... သူ့ကို ငါ့မိန်းမအဖြစ် ရအောင် ယူနိုင်ခဲ့တာမှာ မင်းတို့ရဲ့ စောက်ကျေးဇူး တစ်စက်မှ မပါဘူး... ငါ့အရည်အချင်းနဲ့ ငါ ကြိုးစားပြီး ပိုးပန်းခဲ့လို့ သူ့ရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ခဲ့တာ... လက်ခုပ်က နှစ်ဖက်တီးမှ မြည်သလို အချစ်ဆိုတာလည်း နှစ်ဦးနှစ်ဖက် သဘောတူလို့ ဖြစ်လာတာပဲ... ငါ မင်းတို့ရဲ့ နတ်ဘုရားမကို ခြိမ်းခြောက်ပြီး အတင်းအကြပ် လက်ထပ်ယူထားတာ မဟုတ်ဘူး... "

နတ်နဂါးစစ်သည်Where stories live. Discover now