Chapter 74

7.1K 277 2
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 74

မန္တလေးမြို့မှာအထင်ကရဖြစ်တဲ့ မဟာမြတ်မုနိဘုရားကို အရင်ဆုံး ကိုကို ကိုခေါ်လာလိုက်သည်။ဘုရားထဲကို ကိုကိုလက်မောင်းကို ကိုင်ကဝင်လာတော့ တစ်ချိူ့မိန်းကလေးတွေက ကိုကို ကိုကြည့်နေတာတွေ့ပင်မဲ့ ကိုယ်ယောကျာ်းမျက်နာက လူမူရေးမရှိတဲ့မျက်နာအနေအထားမို့ သူမကပြုံးလိုက်မိသည်။ကိုကိုသည် အခုလိုရုပ်တည်နေတာ တစ်ခြားမိန်းကလေးတွေဘယ်လိုထင်ထင် သူမအမြင်မှာတော့ သိပ်ကိုသဘောကျချင်စရာပင်။

"ကိုကိုသိလား ဆောင်း 4တန်းနှစ်ကျောင်းပိတ်တုန်းကလာတော့ ဘုန်းကြီးကျောင်းမှာတည်းကြတာမို့ ညဘက်ရော မနက်စောကြီးရော လာဖူးဖြစ်တယ် နီးတာကို....အခုထိ မေကြီးတို့အိမ်မှာ ဘုရားမျက်နာတော်သစ်တဲ့ရေတွေရှိသေးတယ်"

ရန်ကုန်မှာတုန်းက ရွှေတိဂုံဘုရားပေါ်ရောက်တော့ ကိုကိုကဘုရားဖူးတယ်ဆို သူမထိုင်သလိုလိုက်ထိုင်လို့ သူမမှာဘယ်လိုထိုင်ရမလည်းပြောရပင်နဲ့ တစ်ခါသာပြောရတာ ကိုကိုကအခုတော့ ဘယ်လိုကန်တော့ရမလည်းဆိုတာပြောစရာတောင်မလိုတော့ပေ။ကိုကို ဘုရားကိုကန်တော့ရမယ်မှန်းသိပင်မဲ့ ဘယ်လိုကန်တော့ရမယ်ဆိုတာမသိတာကိုတော့ သူမနားလည်ပေးရမည်။ဘာကြောင့်ဆို မြန်မာသွေးပါပင်မဲ့ ပဲရစ်မှာပဲနေခဲ့တာကမွေးကတည်းကကို။

"ဘုရားကိုမျက်နာတော်သစ်ဖို့သုံးတာတွေက ရွှေအစစ်တွေတဲ့ အဲ့တာကတော့ငယ်ငယ်ကသူများပြောတာကြားတာ ဟုတ်လားတော့မသိဘူး"

မသိရင်သူမကပဲ မန္တလေးသူလိုလို ကိုကိုကိုပြောပြနေမိသည်။ဘာပဲဖြစ်ဖြစ်ပေါ့ ဒီနိုင်ငံကသူမအတွက် မွေးရပ်ဇာတိနိုင်ငံပဲလေ။ကိုကိုထက်တော့ သူမကဒီနိုင်ငံရေမြေအကြောင်း ကျွမ်းကျင်တာပေါ့။

"ဘုရားက နှစ်အတော်ကြာရောပေါ့"

"အင်း ကြာတာတော့တော်တော်ကိုကြာပြီ ကိုကို "

မဟာမြတ်မုနိဘုရားဝန်းထဲ သူနဲ့အတူတူလမ်းလျှောက်ကြည့်နေရင်း သူမေးတာတွေကို ဆောင်းဖြေပေးရင်း တစ်နာရီလောက် မဟာမြတ်မုနိမှာအချိန်ကုန်သွားရသည်။ဘုရားကနေထွက်လာပြီးတယ်ဆို....

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now