Part -9

494 66 10
                                    

ရစ်ကီဆွဲခေါ်ရာနောက်ကို လိုက်လာခဲ့ပေမယ့် ထယ်ရယ် နှလုံးသားက တဒုတ်ဒုတ်ခုန်နေတယ်။ ရစ်ကီရှန်တဲ့။ သူဌေးပေါက်စလေးလို့ ပြောကြပေမယ့် ပိုင်ဆိုင်မှူ့တွေက မသေးကွေး။ ငယ်နေလို့သာ သူဌေးပေါက်စလေးလို့ စနေပေမယ့် ပိုင်ဆိုင်မှု့က ကျောချမ်းလောက်စရာပင်။ ငယ်ငယ်ကတည်း ရွှေပုံပေါ်မှာ ကြီးလာရတဲ့အပြင် ရုပ်ရည်ကလည်း ခန့်ညားလွန်းတယ်။ စကားပြောရင် ပြတ်သားလို့ အစကတော့ ထယ်ရယ် ရှိန်ရပေမယ့် တွေ့ပါများလေ ရစ်ကီရဲ့ နှလုံးသားက နူးညံ့တာကို မြင်ရလေမို့ ထယ်ရယ် သတိထားမိချိန်မှာ ထယ်ရယ်က ရစ်ကီကို ကြွေနေမိပြီ။

ရစ်ကီ အရိပ်တကြည့်ကြည့်နေ့တဲ့ ဂင်ဂျီ၀န်းက မက်သရူးကို အရိပ်တကြည့်ကြည့်ဖြစ်နေတာရော ထယ်ရယ်က သိနေတာမို့ ရစ်ကီအပေါ်ကို သနားတာက ပိုကဲလာပြန်တော့ ထယ်ရယ်နှလုံးသားက ရစ်ကီအပိုင် ဖြစ်မှန်းမသိ ဖြစ်လာရတယ်။

အရင်က မက်သရူးကို ဂင်ဂျီ၀န်း သဘောကျနေတာ သိတော့

"လုပ်မနေနဲ့ ဆောင်းဟန်ဘင်းကို ကွာပြီး ဂင်ဂျီ၀န်းကို ယူလိုက်။ မချစ်တဲ့သူကို မျှော်ကြည့်ပြီး ပျော့ညံမနေနဲ့ ဆော့မက်သရူး"

လို့ သူပြောဖူးတယ်။ အခုတော့

" အချစ်ရေးနဲ့ ပက်သတ်ရင် မင်းက သိပ်ပျော့ညံ့တာပဲလို့ ပြောခဲ့တာ ငါနောင်တရတယ် ဆော့မက်သရူး။ အခု ငါ ဝဋ်လည်နေပြီထင်တယ်။ အချစ်ဆိုတာ ပိုင်တဲ့သူက နိုင်လား မနိုင်လား ငါမသိချင်တော့ဘူး။ သူ စိတ်ချမ်းသာဖို့ဆို မပိုင်ရလည်း ဖြစ်တယ်။"

ဘယ်သူကိုမှ ဖွင်မပြောဖြစ်တဲ့ ထယ်ရယ် မြတ်နိုးခြင်းတွေ။ ပိပိရိရိ သရုပ်ဆောင်နိုင်ခဲ့တာမို့ ဘယ်သူမှ မရိပ်မိ။

ဘားမှာ အရက်သောက်ကြတော့ ရစ်ကီကလည်း ထယ်ရယ်ကို ရင်မဖွင့်ပါ။ ထယ်ရယ်ကလည်း ရင်ဖွင့်ပေးဖို့ လမ်းမဖွင့်ပေးဖြစ်။ ထယ်ရယ် အရာအားလုံးသိနေခဲ့သူမို့ ရစ်ကီပင်ပန်းနေရတာကိုပဲ မကြည့်ချင်။

@@@@@@@@@@@@@@@@@@@@

"ဒီသီချင်း‌ေတွကိုပဲ ခဏခဏနားထောင်နေတယ်"

"Baby က မကြိုက်ဘူးလား"

"ကြိုက်ပါတယ်။ သီချင်းတွေ အကုန်လုံးက တဖတ်သတ်ချစ်ရတဲ့ အကြောင်းချည်းပဲ Baby မှ တဖတ်သတ်မချစ်ဖူးတာ"

My hornable love (Complete)Where stories live. Discover now