Part -22

514 73 2
                                    

"ကိုကို"

"အင်း"

"ဒီပန်းတွေက တကယ် ကျွန်တော်အတွက် စိုက်တာလား"

ဟန်ဘင်းရင်ခွင်ထဲကနေ မေးနေတဲ့ မက်သရူး ခေါင်းလုံးလုံးလေးက အသည်းယားစွာ ငုံ့နမ်းရင်း

"မက်သရူးကို လွမ်းလို့"

"မယုံနိုင်ဘူး"

"ဘာလို့လဲ"

"ကိုကို ကျွန်တော့်ကို အဲ့လောက်ထိ ချစ်မယ်လို့"

ဘေးတစ်စောင်းလေးကနေ မော့ငေးလာတဲ့ ပါးဖောင်းဖောင်းလေးကိုနမ်းရင်း

"အဲ့ထက်အများကြီး ချစ်တာ။ ကိုကိုက မဖော်ပြတတ်ဘူးထင်တယ် မက်ချူး"

"အင်း...မရိပ်မိခဲဘူး။ ကိုကိုနေ့တိုင်း ဆိုလ်းနဲ့ ဒီကို ကူးချည်သန်းချည်လုပ်တာလား"

"အင်း"

"တနေ့ကို နှစ်ခေါက်"

"တစ်ခေါက်ပဲ"

မက်သရူး အံ့ဩသလိုမော့ကြည့်တော့

"ကိုကို ဆိုလ်းမှာ မနေနိုင်ဘူး။ ကိုကိုတစ်ယောက်တည်းလေ။ အရင်အိမ်မှာနေရင် ဖွားဖွားကို သတိရပြီးတော့ ကိုကိုတို့အိမ်မှာလည်း မနေနိုင်ဘူး။ အဲ့မှာ မက်သရူးအရိပ်တွေချည်းပဲ။ ကိုကို ဆက်နေရင် ရူးပြီးသေမှာ"

ကိုကို့မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝဲနေတယ်။ ကိုကို့မှာ ဒီလို ဒဏ်ရာတွေရှိနေခဲ့တာပဲ။ ကိုကိုအချစ်ဆုံး ဖွားဖွားဆုံးပြီး မက်သရူးကပါ ကွာရှင်းခဲ့တာမို့ ကိုကိုနားမှာ ဘယ်သူမှ မကျန်ဘဲ ကိုကို ဘယ်လောက်ထိ ပင်ပန်းခဲ့မလဲ။

မက်သရူးခေါင်းကို ငုံ့နမ်းတဲ့အနမ်းက စိုစွတ်နေတာ

"ကိုကို့ကို မထားခဲ့ပါနဲ့ မက်ချူးရယ်။ ကိုကို မက်ချူးလေးမရှိဘဲ မနေနိုင်ဘူး။ ကိုကိုမက်ချူးအပေါ်ဆိုးခဲ့သမျှ ပြန်ပေးဆပ်ပါ့မယ်။ ကိုကို့ကို မထားသွားပါနဲ့.."

ကိုကို ငိုနေခဲ့တာ ကလေးတစ်ယောက်လို။

"ကိုကို မငိုပါနဲ့" လို့ပြောလေ မျက်ရည်တွေ ပိုကျလေ။ ကိုကို့ကို သနားလို့ ဘယ်လိုလုပ်ရမလဲ။

@@@@@@@@@@@@@@@@@@@@

မိုးလင်းလို့ပြင်ဆင်ပြီးတာနဲ့ မက်သရူးက အိပ်ရှေ့ ၀န်းတံခါးပေါက်မှာ ငုတ်တုပ်ထိုင်က ပန်းလာပို့မယ့် ကိုကို့ကို မျှော်ရတာက အလုပ်တစ်လုပ်ပင်။

My hornable love (Complete)Where stories live. Discover now