Alarm ကြောင့် ဟန်ဘင်းနိုးလာတော့ မိုးချုပ်လုပြီ။ ညဘက်အတူတူ အရက်သောက်ကြမယ်ဆိုပြီး ချိန်းထားတာရှိတာကို သတိရကာ မက်ချူးလေးကို နိုးဖို့ပြင်တော့ မက်သရူးက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမို့ ဟန်ဘင်း မနှိုးရက်။ အိပ်ယာကနေ အသာလေး ထပြီး ရေချိုးကာ မက်သရူးထရင် ရေချိုးဖို့ ရေပူရေအေးကို အနေတော် စပ်ပေးကာ ပြင်ပေးပြီး မက်သရူးက အိပ်ယာထထခြင်း ရေသောက်တတ်တာမို့ ရေကရားထဲက ရေအဟောင်းတွေအစား ခေါင်းမနောက်အောင် သံပုရာရည် ချဉ်ချဉ်အေးအေးလေး ဖျော်ပြီး အခန်းထဲပြန်လာတဲ့အထိ ဆော့မက်သရူးဆိုတဲ့ ကောင်လေးက မနိုးသေးပါ။
"မက်ချူး မက်ချူးလေး"
ဟန်ဘင်း နှိုးလိုက်တော့ လူးလွန်လာတဲ့ ကောင်လေး နဖူးကို မြတ်မြတ်နိုးနိုးနမ်းရင်
"ထတော့လေ။ ခဏနေရင် ထယ်ရယ်တို့ရောက်တော့မှာ"
"အင်း"
ဆိုပြီး အပျင်းကြီးနေတဲ့ကောင်လေးကို ပွေ့ထူလိုက်တော့ အလိုက်သင့်ပါလာပြီး
"အင်း ကိုကို ရေချိုးပြီးပြီလား"
" အင်း မက်ချူးလေး ရေချိုးဖို့ ကိုကိုက ပြင်ပေးထားတယ်"
"အင်း မွှေးနေတာပဲ"
မက်သရူးက သူ့ရင်ခွင်ထဲကနေ ရင်ဘတ်ကို နမ်းလိုက်တာမို့ ဟန်ဘင်းရယ်တော့
"ကျွန်တော်က ကိုကိုနဲ့ အတူတူ ရေချိုးမို့ပါဆို ကိုကိုက ချိုးပြီးသွားပြီ"
"ဟင်"
"ဘယ်တတ်နိုင်ပါ့မလဲ"
ဟန်ဘင်းက မက်သရူးကိုယ်လေးကို စွေ့ခနဲပွေ့ကာ ရေချိုခန်းကို ဦးတည်ရင်း
"ရေဆိုတာ နှစ်ခါချိုးလို့ ရသားပဲ"
"ကိုကို အအေးမိပြီး ဖျားမှာပေါ့"
မက်သရူး ပြောတာက နောက်ကျပြီး ဟန်ဘင်းက ရေပန်းကို ဖွင့်လိုက်တာမို့ နှစ်ယောက်လုံးအပေါ် ရေတွေ စိုကုန်တယ်။
"ကိုကို....."
မက်သရူး ဘာပြောမလို့ ခေါ်တာလဲဆိုတာ ဟန်ဘင်းမသိပါ။ ရေတွေက အေးနေခဲ့လားဆိုတာကိုလည်း ဟန်းဘင်းမသိ။ ဟန်ဘင်း သိတာတစ်ခုပဲရှိတယ်။ အဲ့ဒါကေတာ့ ဆော့မက်သရူး နှုတ်ခမ်းတွေက ချိုပြီး စွဲမက်ဖို့ ကောင်းတယ်ဆိုတာပါပဲ။
YOU ARE READING
My hornable love (Complete)
FanfictionOTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာပေးတာပါ။ ပြီးတော့ Gyujin နဲ့ Shentaerae ပါနော်🚨🚨🚨