Chapter 75

8.5K 356 6
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 75

သူမတို့ မန္တလေးကနေတစ်ဆင့် ပုဂံကိုရောက်တော့ ရည်မှန်းထားတဲ့အတိုင်း ရွှေစည်းခုံကို ဝင်ဖူးပြီးမှ ပုဂံရှိဘုရားများကိုလည်ပတ်ရသည်။ပုဂံမှာက ဘုရားစေတီတွေက လက်ညှိုးထိုးမလွဲလောက်အောင်များပြားလွန်းတာမို့ သူမတို့ဆယ်ရက်ကျော်ကြာအောင် ကြာခဲ့ပင်မဲ့ အကုန်တော့မစုံပဲ လူပြောများတဲ့ ဘုရားများသာရောက်ခဲ့ကြသည်။သူမတို့ပုဂံမှာ အကြိုက်လည်ပြီးတယ်ဆို ပုဂံကဘုရားတွေအစုံဖူးဖို့ဆို တစ်လလောက်အချိန်ပေးရမှာမို့ ကလေးတွေကငယ်သေးတော့ သိပ်ပြီးအချိန်ကြာကြာနေလို့မရတာကြောင့် ရန်ကုန်ပြန်ရတော့သည်။အထူးသဖြင့် သမီးလေးက မိဘတွေကိုတစ်ရက်ကနှစ်ရက်ဖြစ်လာတော့ မတွေ့တာကြာတယ်ဆို ငိုယိုနေတာတွေကြောင့်လည်း ဆယ်ရက်သာနေပြီးပြန်တာဖြစ်သည်။

"ကိုကို သမီးတစ်ယောက်နဲ့တင် နောက်ဆိုဘယ်မှသွားရတော့မှာမဟုတ်တော့ဘူး "

ဟိုရက်တွေကတည်းက လွမ်းနေပါပြီ ပြန်လာခေါ်ပါတော့ဆိုတဲ့ သမီးငယ်လေးအကြောင်းကိုပြောနေတဲ့ ပူတူးကြောင့် သူမှာပြုံးလိုက်မိသည်။သမီးလေးက အငယ်ဆုံးလေးဖြစ်တဲ့အပြင် မိသားစုတွေအကုန်လုံးက တစ်ယောက်ထဲသမားလေးမို့ ပိုပြီး အလိုလိုက်တော့ အရင်ကထက်ပိုဆိုးချင်လာသည်။ဒါကလည်း အရွယ်လေးကနည်းနည်းကြီးလာလို့လဲပါမှပါပေါ့။

"ဟိုရောက်ရင်တော့ ဝယ်လာတာမှန်သမျှတစ်ယောက်ထဲ အပိုင်သိမ်းတော့မယ်ထင်တယ် သမီးက"

"ဟွန်း တကယ်အဆိုးလေး မကောင်းတဲ့အကျင့်တွေမှငါနဲ့လာတူတဲ့ ဂျစ်တူးမလေး ကောင်းတာတွေကြ ဖအေနဲ့တူတယ်"

ပြောသာပြောရတာ ကိုယ့်ယောကျာ်းကအကုန်ပြည့်စုံနေတဲ့သူ။ကိုယ်ကသာ ငယ်ငယ်ကတည်းက ယောကျာ်းရတဲ့အထိဆုံးကောင်းနွဲ့ကောင်းတုန်းမဟုတ်လား။ကိုယ်ကသာ ဂျစ်တူးမဖြစ်ခဲ့ပြီး ကိုကိုက အမြဲခွင့်လွှတ်ခဲ့တာ။သမီးဆိုးတာတွေက တကယ်ကို ဆောင်းနဲ့ရာနှုန်းပြည့်ကိုတူညီတာ။

နောက်လထဲ ပဲရစ်ကိုပြန်ဖို့ သူမဆုံးဖြတ်ထားသည်။ဘာလို့ဆို ကိုကိုလည်းသူနေခဲ့တဲ့နေရာမဟုတ်တော့ နေရတာအဆင်မပြေမှန်းသိတာကြောင့်ပင်။သူ့အလုပ်က ဒီမှာလည်းလုပ်လို့ရတယ်ဆိုပင်မဲ့ ကိုကိုပြောသလို ကျောင်းဆက်တက်ပြီး ပါမောက္ခဘွဲ့ ယူဖို့ကလည်းသိပ်ပြီးအချိန်ဆွဲနေလို့မကောင်း။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now