1

3.1K 202 21
                                    

Unicode

Jungkookရဲ့ တစ်နေ့တာက ရိုးရှင်းလွန်းပါတယ်။ တိရစ္ဆာန်ဆရာဝန်တစ်ယောက်မို့ မနက် ၉ နာရီကနေ ည ၉နာရီအထိ အချိန်ပြည့် ဆေးခန်းထိုင်ရတယ်။ 

ဆေးခန်းနဲ့ နေတဲ့နေရာက မြေညီထပ်တိုက်ခန်းတစ်ခုထဲမှာပဲမို့ ဆေးခန်းပိတ်ပြီးတာနဲ့ အနောက်ဘက်ကို ဝင်လိုက်တာနဲ့ သူ့အိမ်ရဲ့ ဧည့်ခန်းပဲ။ဒါကြောင့်မို့ ဆေးခန်းကို သွားဖို့၊ပြန်ဖို့အတွက် အချိန်သီးသန့်ထပ်ပေးနေစရာမလိုတော့။

ဒယ်ဂူမှာတော့ Jungkook ရဲ့ဆေးခန်းက နာမည်ကြီးတဲ့အထဲပါတယ်။

အေးငြိမ်တိတ်ဆိတ်တဲ့ ဒယ်ဂူမြို့လေးမှာ ကြင်နာရိုးသားတဲ့လူတွေနဲ့ ပြည့်နှက်နေပြီး တိရစ္ဆာန်လေးတွေကိုလည်း အတော်များများ ချစ်တတ်ကြတာမို့ အိမ်တိုင်းလိုလို ခွေးလေး၊ ကြောင်လေးတွေမွေးတတ်ကြပြီး သူတို့လေးတွေ နာမကျန်းဖြစ်တာနဲ့ Jungkook ရဲ့ဆေးခန်းလေးကိုပဲ အပြေးသွားတတ်ကြတာမို့ ဆေးခန်းလေးမှာ လူမလာပဲတိတ်ဆိတ်နေတဲ့အချိန် မရှိသလောက် ရှားတယ်။

ဒီနေ့လည်း ပုံမှန် တနင်္လာနေ့တွေလိုပါပဲ။ ဆေးခန်းကို အချိန်မှန်ဖွင့်ပြီး ဝင်လာသမျှ လူတိုင်းရဲ့ ချစ်စဖွယ်အကောင်ငယ်လေးများကို Jungkook ဂရုတစိုက် ကုသပေးနေဆဲပဲ။

မတူတာ တစ်ခုက ဒီနေ့လို အောက်တိုဘာလရဲ့ တနင်္လာနေ့တစ်ရက်မှာ ဖြစ်လာပါတော့တယ်။

ညနေ နေဝင်ရီတရောအချိန်၊ ဖြိုးဖြိုးဖြဖြ ဝင်ခါစ နေရောင်လေးက Jungkook ရဲ့ဆေးခန်းမှန်တံခါးမှတစ်ဆင့် အထဲသို့ ဖြာဝေစီးဆင်းနေတယ်။

အရိုးအက်သွားတဲ့ ခွေးလေးတစ်ကောင်ကို ဆေးပတ်တီးစည်းပေးပြီးတော့ သူ ခေတ္တခန နားနေတုန်း အလင်းဖြာနေတဲ့ မှန်တံခါးကို ဖွင့်ဟပြီး ဆေးခန်းထဲ အမောတကော ဝင်လာတဲ့ ပုံရိပ်ငယ်လေး။

Pomeranian အမျိူးအစား ခွေးလေးကို ပွေ့ချီထားတဲ့ကောင်လေးတစ်ယောက်။

ဝတ်ထားတဲ့ အညိုရောင် ဆွယ်တာလေးက ခပ်မှိုင်းမှိုင်းအရောင်အနေအထားဆောင်ပေမယ့် ကောင်လေးရဲ့မျက်နှာကတော့ ငယ်မူငယ်သွေးကြောင့် နုဖတ်ဝင်းဝါနေဆဲ။

Madly In Love ( Short Story- Completed)Where stories live. Discover now