Unicode
Tae Hyungနဲ့ မတွေ့ဖြစ်တာ တစ်ပတ်လောက်ရှိပြီ။
မဆိုင်တော့၊မနွယ်တော့ပဲ ဝေးဝေးမှာ နေတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့် နေကောင်းသက်သာရဲ့လားဆိုတဲ့ စိတ်က လွှမ်းလာတိုင်း ဖုန်းကိုကောက်ကိုင်ပြီး Tae Hyungဆီ ဖုန်းခေါ်ချင်စိတ်ပေါ်လာတာမို့ ဖုန်းကို ပိတ်ထားရတယ်။
တစ်ပတ်လောက်ဖုန်းပိတ်ထားလည်း Jungkookရဲ့ နေ့စဉ်ဘဝမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးရှိမနေခဲ့။ အလုပ်ဖုန်းဆက်မယ့်သူလည်း မရှိသလို၊ ကိုယ်တိုင်ကလည်း ဖုန်းဆက်ရမယ့်လူမရှိတာမို့ ပူပန်နေစရာ ဘာတစ်ခုမှမရှိတော့။
အသက် ၃၀ ပြည့်ပြီးမှ အသည်းကွဲတော့ ဘယ်လိုကုစားရမလဲ သူ ကောင်းကောင်းမသိ။လူတော်တော်များများလို အရက်နဲ့မျှောချပစ်ရအောင်လည်း သူက အရက်မသောက်တတ်ပြန်။
ဆေးခန်းပိတ်ပြီးသွားတာနဲ့ သူ့မှာ ငူငူငိုင်ငိုင်ကြီး။ ပုံမှန်ဆို ဆေးခန်းပိတ်ခါနီးအချိန်တိုင်း သူ့မှာ ဖင်တကြွကြွနဲ့။ ကျောင်းဆင်းခါနီး အိမ်ပြန်ရတော့မှာမလို့ ကျောင်းခေါင်းလောင်းတီးဖို့ မျှော်နေတဲ့ ငါးနှစ်သားလေးလိုပဲ။ အခုတော့ Tae Hyungဆီလည်း မသွားဖြစ်တော့ အချိန်တွေက ပိုလျှံလာပြီး ဘာလုပ်နေရမလဲတောင် သူ မသိတော့ဘူး။
ပုံမှန်ရက်တွေလိုပဲ ဆေးခန်းဖွင့်ချိန်ရောက်ရင် ဆေးခန်းဖွင့်ဖို့ပြင်ရတော့တယ်။ တနင်္လာနေ့ရဲ့ မနက်အလုပ်သွားချိန်၊ကျောင်းသွားကြချိန်မို့ မှန်တံခါးအပြင်ဘက်က လူတွေ လှုပ်လှုပ်ရှားရှား သွားလာနေကြတာကို လှမ်းမြင်နေရ၏။
ထိုင်နေကျ ခုံမှာ ထိုင်ပြီး ဆေးစာရင်းစာအုပ်ကို ဖွင့်ကြည့်ရင်း ကုန်ခါနီးဆေးများရှိလေမလားလို့ စစ်ကြည့်နေတုန်း မှန်တံခါးကို ဖွင့်ပြီးတစ်ယောက်ယောက် ဝင်လာတာကို ကြားနေရတယ်။စာရင်းစာအုပ်ကို ပိတ်ပြီး လုပ်ငန်းစဖို့ ပြင်ရတော့တယ်။ဒီနေ့ရဲ့ပထမဆုံး ကြည့်ရမယ့် လူနာလေးက ဘာအကောင်လေးများ ဖြစ်နေမလဲ။
" အကို "
ရင်းနှီးနေသော၊ နားထောင်မဝသော ခေါ်သံတိုးတိုးကြောင့် မယုံနိုင်စွာပဲ လှမ်းကြည့်မိတော့ မယုံနိုင်စွာပဲ သူ့နှလုံးသားပိုင်ရှင် ဖြစ်နေတယ်။
![](https://img.wattpad.com/cover/354690392-288-k312505.jpg)