2

1.3K 117 12
                                    

Unicode

Winter Bearလို့ခေါ်တဲ့ ကော်ဖီဆိုင်‌လေးကို သူတို့နှစ်ယောက် အတူတူသွားနေကြတာ။

သွားနေတဲ့လမ်းမှာပဲ ရှိနေဆဲမို့ Jungkookက ကားမောင်းနေတာဖြစ်ပြီး Tae Hyungက ဘေးခုံမှာ အပြင်ကိုငေးရင်း လိုက်ပါနေတယ်။‌Yeontanလေးကတော့ Tae Hyungရဲ့ ပေါင်ပေါ်မှာ။

Jungkookက ကော်ဖီဆိုင်တွေ သိပ်သွားလေ့မရှိတာမို့ သူ သိတဲ့ကော်ဖီဆိုင်တွေက လက်ချိူးရေရင်တောင် လက်ငါးချောင်းမပြည့်ဘူး။အခုကလည်း Tae Hyungလမ်းညွှန်ပေးလို့သာ Winter Bearဆိုတဲ့ ဆိုင်လေးဆီကို သူ မောင်းနှင်နေရတာ။

ကားမောင်းနေရင်း တစ်ဖက်က Tae Hyungကို Jungkook မသိမသာ ခိုးငေးမိပြန်တယ်။မှန်ပြတင်းဘက်ကို မျက်နှာမူထားတာမို့ မျက်နှာကို အသေအချာမမြင်ရပေမယ့် Tae Hyung သူ့ဘေးမှာ ရှိနေတယ်ဆိုတဲ့အတွေးက သူ့ကို စိတ်ချမ်းမြေ့စေတယ်။

Yeontanလေးကို ဖွဖွ ပွတ်သပ်နေတဲ့ Tae Hyungရဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေကို Jungkook ငေးကြည့်မိပြန်တယ်။ ကြည်တောက်နေတဲ့ လက်သည်းခွံလှလှလေးတွေကို ထိတွေ့မိချင်စိတ် ပေါ်လာတော့ အာရုံကို ကားမောင်းခြင်းပေါ်သာ မနည်း ပြောင်းရွှေ့လိုက်ရတယ်။

အချိန်ခနလေး..တကယ်ကို အချိန်ခနလေးပဲ ကြာသေးပေမယ့် Tae Hyungအပေါ် သူ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေမိတာ။

Tae Hyungက သူ့လိုမျိူး ယောက်ျားလေး တစ်ယောက်မှန်းလည်း သူသိတယ်။ သဘာဝကိုလွန်ဆန်နေတဲ့ အချစ်လို့ပဲဆိုဆို တဒုန်းဒုန်းခုန်မြည်နေတဲ့ ရင်ခုန်သံက Tae Hyungရဲ့ဘေးမှာ ရှိနေမှသာ၊ Tae Hyungအကြောင်းကို တွေးမိမှသာ ခုန်မြည်နေတတ်တာ။

" ဟိုရှေ့က လမ်းချိူးလေးထဲ ကွေ့လိုက်ပါနော်"

Tae Hyungက လက်ညှိုးတစ်ဖက်ကို ရှေ့ထိုးပြပြီး ညာဘက်လမ်းချိူးလေးထဲ ကွေ့ခိုင်းတယ်။

လမ်းချိူးလေးထဲ ဝင်ပြီး အနည်းငယ် ဆက်မောင်းပြီးချိန်မှာတော့ Winter Bearဆိုတဲ့ cafeဆိုင်လေးကို တွေ့ရတော့တယ်။ နာမည်နဲ့လိုက်အောင် ဝက်ဝံရုပ်လေးတွေကို အသားပေးအလှဆင်ထားတာကို ဆိုင်အပြင်ကနေတောင် တွေ့နေရတယ်။

Madly In Love ( Short Story- Completed)Where stories live. Discover now