4

970 95 4
                                    

Unicode

ယနေ့ည၌လည်း Jungkookသည် Tae Hyung သီချင်းဆိုနေကျ ဘားသို့ ရောက်ရှိနေပြန်သည်။

မျက်လုံးလေးများ မှေးစင်းရင်း သီချင်းဆိုနေသည့် Tae Hyungကို ငေးကြည့်ရင်း မနေ့ညက သူတို့နှစ်ယောက်အတူတူ ခေါက်ဆွဲပြုတ်စားခဲ့ကြသည်ကို ပြန်တွေးမိသည်။

ခေါက်ဆွဲကို တူဖြင့် ညှပ်ရင်း အအေးခံသည့်အနေဖြင့် နှုတ်ခမ်းကို စု၍ တဖူးဖူး လေမှုတ်နေသည့် Tae Hyungကို ပြန်မြင်ယောင်မိတိုင်း နှလုံးသားဆိုတဲ့ကောင်က ထိန်းမရအောင် တဒုန်းဒုန်း ရုန်းကြွ၏။

ရုပ်ရှင်တွေထဲက မင်းသားနဲ့မင်းသမီး ခေါက်ဆွဲပြုတ်အတူတူစားကြတိုင်း တစ်မျှင်ထဲသော ခေါက်ဆွဲမျှင်တန်းလေးကို အစွန်းတစ်ဖက်စီကနေ နှစ်ယောက်သား စားမိကြရင်း မျက်နှာချင်း၊ နှုတ်ခမ်းချင်း နီးကပ်သွားတဲ့ အခြေအနေမျိူးကို Jungkook မျှော်လင့်ခဲ့ပေမယ့် အဲ့လိုအခြေအနေမျိူးနဲ့ ခပ်ဆင်ဆင်တောင် သူတို့ကြားမှာ မဖြစ်ခဲ့ပါဘူး။

ဒါကြောင့်မို့ လက်တွေ့ဘဝက ရုပ်ရှင်နဲ့ လားလားမှ မတူဘူးလို့ လူတွေပြောလေ့ရှိကြတာက အပိုစကားမဟုတ်မှန်း Jungkook သိပါပြီ။

Alcoholမပါတဲ့ သောက်စရာတစ်ခွက်ကို Jungkookတစ်လုတ်မျှ မော့သောက်လိုက်သည်။ အအေးဓာတ်ကဲလာသော ဆောင်းဦးရာသီမို့ ညပိုင်းအချိန်မှာ Alcoholမပါတဲ့ သောက်စရာတစ်ခုခုကို သောက်ရတာက သိပ်အဆင်မပြေလှဘူး။ ဆောင်းညမှာ အအေးထိုင်သောက်နေရသလိုမျိူး။ ဒါပေမယ့် စင်ပေါ်ကို အကြည့်ပို့မိတိုင်း သူ့တစ်ကိုယ်လုံးနွေးထွေးသွားရတယ်။

Tae Hyungက သူ့အတွက်တော့ တလှိုက်လှိုက်နွေးမြစေမယ့် အနွေးဓာတ်လေးပဲ။

သူ ဆိုင်ကို ရောက်ကထဲက Tae Hyungက သီချင်းဆိုနေတာ။ ကိုရီးယားသီချင်း နှစ်ပုဒ်လောက်ဆိုပြီးတော့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို Tae Hyungက ဆိုတယ်။ တော်တော် လူသိများတဲ့ သီချင်း ဖြစ်ပုံရတယ်။ သူကလွဲလို့ ဘားထဲက လူတိုင်းနီးပါး ခပ်တိုးတိုးလေး လိုက်ဆိုကြတယ်။

ခပ်ဩဩနှင့် လေးနင့်သော Tae Hyungရဲ့အသံက အင်္ဂလိပ်သီချင်းဆိုသည့်အခါ ပို၍ စွဲလမ်းစရာကောင်းသည်ဟု Jungkookထင်သည်။ အသံထွက်တစ်လုံးချင်းစီတိုင်းက တိကျပြတ်သားနေပြီး နားထောင်မိသူ၏ နားထဲ၌ တဝဲလည်လည် စွဲကျန်နေတော့သည်။

Madly In Love ( Short Story- Completed)Where stories live. Discover now