3

1.1K 105 11
                                    

Unicode

' Rainy days' ဟုခေါ်သည့် ဘားရှေ့၌ Jungkookရောက်ရှိနေသည်။ Tae Hyungကို ထပ်တွေ့ချင်၍သာ ဆေးခန်းကို အစောတလျင်ပိတ်၍ ဘားဆီသို့ အလျင်အမြန်လာခဲ့သော်လည်း အထဲဝင်ရဖို့အရေးတော့ အတန်ငယ်တွန့်ဆုတ်နေလေသည်။

အဖွားနဲ့စာပဲ သိသည့် Jungkookသည် အမှန်စင်စစ်တော့ introvertတစ်ယောက်ဖြစ်သည်။ သူငယ်ချင်းများစွာ ရှိသော်လည်း သူငယ်ချင်းတွေနဲ့ အပြင်သို့ အတူတကွ သွားလာခြင်းထက် တစ်ယောက်ထဲ အေးအေးဆေးဆေး နေပစ်လိုက်ခြင်းကိုသာ အမြဲရွေးသူဖြစ်သည်။

လူတွေနဲ့ စကားပြောရမှာ ကြောက်ရွံသည်အထိတော့ လူကြောက်တတ်တာမျိူးမဟုတ်ပေ။ အမှန်ဆို သူ့အလုပ်အကိုင်ကလည်း နေ့စဉ်နေ့တိုင်း လူ‌တွေနှင့် စကားပြောဆိုရသည့် အလုပ်ပဲမဟုတ်ပါလား။

ဘားရှေ့၌ ချီတုံချတုံ ဖြစ်နေသည့် စိတ်သည် Tae Hyung၏ အပြုံးလှလှကို မြင်ယောင်မိပြန်သည့်အခါ တွေဝင်ခြင်းမရှိ ပြတ်သားသွားသည်။

သူ Tae Hyungကို ထပ်တွေ့ချင်သည်။ Tae Hyungရဲ့ အပြုံးကို ထပ်မြင်ချင်သလို Tae Hyungရဲ့ အသံကိုလည်း သူ ထပ်မံနားဆင်လိုသည်။

လေးပင့်ခြင်းများ မရှိတော့ပဲ ဘား၏ တံခါးချပ်ကို ခပ်မြန်မြန်‌ဆွဲဖွင့်၍ အထဲသို့ ဝင်ရောက်လိုက်သည်။

မီးရောင်စုံတွေ ပြိုးပြိုးပျက်ပျက် ဟီးထနေသည်မျိူး မဟုတ်ပဲ ဝါကျင့်ကျင့် အရောင်ကို ပေးစွမ်းသော မီးသီးလေးများကိုသာ လှိုင်လှိုင်သုံးထားသော အခန်းငယ်လေး။ ငြိမ့်ငြောင်းသော သီချင်းဆိုသံလေးက တစ်ခန်းလုံးအနှံ့ တိုးဝှေ့ပျံ့နှံ့နေသည်။

ခပ်နိမ့်နိမ့်စင်လေးပေါ်၌ ဂီတာတီးရင်း သီချင်းဆိုနေသည့် Tae Hyungကို မြင်လေတော့ ပိုင်ရှင်ကိုမှတ်မိနေသော Jungkookရဲ့ နှလုံးသားက လှိုက်လှိုက်မြေ့မြေ့ ထခုန်တော့သည်။

Tae Hyungက Jungkookဝင်လာသည်ကိုမမြင်။ မျက်လုံးလေးများ မှိတ်ရင်း၊ လက်ချောင်းလှလှလေးများက ဂီတာကြိုးလေးတွေအပေါ် ပြေးလွှားတီးခတ်ရင်း၊ သေသပ်လှပလွန်းတဲ့ နှုတ်ခမ်းတစ်စုံက ချိူမြိန်သော စာ‌သားလေးများကို ဆိုညည်းရင်း။

Madly In Love ( Short Story- Completed)Where stories live. Discover now