Final

9.7K 327 15
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 76

~~{ဇာတ်လမ်း အဆုံးသတ်}~~

"ပါးပါး !!!"

မနေ့က ပူးတူးအလုပ်ဆင်းတဲ့ဆီကို သူလိုက်သွားပြီး ပြန်လာကတည်းက နေမကောင်းချင်သလိုဖြစ်နေတာကြောင့် ညကတည်းကအိပိရေးကောင်းကောင်းမဝတာကြောင့် အိပ်ရထတာအရင်အချိန်ထက်နောက်ကျတာကြောင့် သူတို့အခန်းအပြင်ကနေ အသံစူးစူးလေးထွက်လာသည်က သမီးငယ်အသံ။

"ပါးပါးရေ ထတော့ဆိုနေ! မဟုတ်မလွဲ မားမားနဲ့ဖက်အိပ်နေပြန်တာလား"

5နှစ်အရွယ်ကလေးလေး 4ယောက်လုံး မိဘတွေရဲ့အခန်းရှေ့ကရောက်ကာ အကုန်လုံးထဲအဆိုးဆုံးလေးက အော်တာတောင်အသံပြန်မလာတဲ့ မိဘတွေကြောင့်......

"ကိုကြီး မားမားတို့လုပ်ပုံကမဟုတ်သေးဘူးနော် အသည်းတို့ကိုပလစ်နေတာကြာပြီနော်"

"ညီမလေးပြောတာမှန်တယ် ကိုကို ဘယ်လိုနိုးကြမလည်း ဒါမှမဟုတ် သားတို့နိုးနေတာကို မသိချင်ယောင်ဆောင်နေကြတာလား"

အမြဲကိစ္စတစ်ခုဆိုဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ အမြဲတွေးလေ့ရှိတဲ့ ဖအေခြေရာကိုတစ်ထေရာထဲနင်းမဲ့သား ကောင်းခြင်းစေရာ။ကျန်တဲ့ အစ်ကို နဲ့ ညီညီမတွေထက်သူက ဘယ်ကိစ္စမဆို စိတ်မလောပဲအေးဆေးဖြေရှင်းတက်သည်။

"အီးးးး ကိုလတ်ပြောသလိုဆို မားနဲ့ပါးရက်စက်နေကြတာ"

ကောင်းခြင်းစေရာလေးကထင်တာကိုပြောလိုက်တယ်ဆို ဘာပဲဖြစ်ဖြစ်အငိုတလိုင်းကအရင်ဆုံးဖြစ်တဲ့ညီမလေးက မားမားတို့အခန်းရှေ့မှာဖင်ထိုင်ရပ်ချကာ အော်ငိုတော့သည်။

အခန်းထဲမှာနိုးနေတဲ့ လင်မယားနှစ်ယောက်လည်း အပြင်ကခေါ်နေတာကို မကြားတဲ့အတိုင်း ဖက်ပြီးဆက်အိပ်နေခိုက် သူလိုချင်တာမရရင်ငိုတဲ့သမီးက အော်ငိုတာကြောင့်......

"ကိုကို သမီးငိုနေပြီတွေ့လား ဖယ်ပေး"

Mine သူလက်ကိုဖယ်ချကာအိပ်ယာပေါ်ကဆင်းဖို့လုပ်နေတဲ့ သူမလက်ကိုပြန်ဆွဲက သူရင်ခွင်ထဲပြန်ထည့်လိုက်သည်။ကိုယိမွေးထားတဲ့ ကိုယ့်ကလေးတွေအကြောင်း ကိုယ်အသိဆုံး။သမီးက သူလိုချင်တာမရရင် တလောကလုံးကအနိုင်ကျင့်နေသလိုလို ငိုတာမဟုတ်ပဲ ဟန်ဆောင်အော်ပြတာပင်။အဲ့လိုဆို ကျန်တဲ့သူတွေက သူလိုချင်တာကိုဖြည့်ဆည်းပေးမည်လေ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now