Part 22

174 33 0
                                    


[Zawgyi]

ရှေးဟောင်း နန်းတွင်းဝတ္ထု၏ အမျိုးသားဇာတ်လိုက်ကဒီမှာ (အပိုင်း 4)


လူငယ်လေး ချင်ရူဝမ်သည် ကျိနင်ကို ဘာလို့ သူ့အပေါ်ကောင်းပေးတာလဲလို့ မေးလေသည်။

အကြောင်းပြချက် အစစ်အမှန်ကို ကျိနင် က မရှင်းပြဘဲ နောင်အနာဂတ်တွင်ချင်ရူဝမ် သည် တရှား၏ ဘုရင်ဖြစ်လာမည်ဖြစ်တာကြောင့်သူ့အပေါ်ကောင်းပေးတာကမမှန်ဘူးလား ဟုသာ ပြောခဲ့သည်။
ဒီလိုဆိုသော်လည်း ချင်ရူဝမ်သည် သူ့အထီးကျန်မှုအတွက် ဝမ်းနည်းမိတာကြောင့် သူ့ကိုဘေးမှာ ထားထားပေမယ့် ဒါက အလုံးစုံမဟုတ်သလို ပိုအရေးကြီးတာက  ချင်ရူဝမ် က သူ့ကို ချစ်မြတ်နိုးလာပြီး သူသည်လည်းသူ့အလုပ်တာဝန်တွေကို ပြီးအောင်လုပ်ချင်တာကြောင့်သူတို့နှစ်ဦးအတွက် ရင်းနှီးသောလမ်းဆုံရှိရမည်ဖြစ်သည်။

သို့သော် ဤအရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခြင်းမေတ္တာဖြစ်ရန် မရည်ရွယ်မလိုအပ်ပေ။
ချင်ရူဝမ် ၏မိခင်သည် နတ်ဘုရားမကြောင့် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ကျိနင်နှင့်သူ သည် ချစ်ခြင်းမုန်းခြင်း ဆက်ဆံရေးရှိရလိမ့်မည်ဖြစ်ပြီး
ကျိနင် သည် ချင်ရူဝမ် ၏ အမုန်းတရားများ ပျောက်ကွယ်သွားသည်ကို မမြင်ချင်ပေ။

ချင်ရူဝမ် သည် တရှား ဘုရင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ပြီး သြဇာကြီးသော ဝန်ကြီးများနှင့် မှူးမတ်အများအပြားကို ထောင်ချကာ နန်းတွင်းအစေခံများနှင့် ပြည်သူများကို ထိတ်လန့်စေရန်မိုးချုန်းသံကိုအသုံးပြုခဲ့ပြီး ဧကရာဇ်မင်းအဖြစ် နန်းတက်ခဲ့လေသည်။

ရက်စက်သည်ဖြစ်စေအမျှော်မြင်ရှိသည်ဖြစ်စေ ချင်ရူဝမ်  သည် ကြီးမြတ်သောတရှားအင်ပါယာ ၏နောက်ထပ်ဘုရင်ဖြစ်လာပြီး ကျိနင် သည်လည်း သူ့နည်းသူ့ဟန်ဖြင့် မရပ်တည်နိုင်တော့ပေ။

သူ၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းတရားက ချင်ရူဝမ် ၏ ရည်မှန်းချက်ကို သတ်ပစ်ရန် ခွင့်မပြုနိုင်သော်လည်း ချင်းရူဝမ်ကတော့ သူ့ကို ချစ်ပြီး မုန်းတီးနေရမည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးနောက်လွတ်မြောက်ဖို့ကျရှုံးခြင်း(ဘာသာပြန်)Onde as histórias ganham vida. Descobre agora