Part 31

120 25 0
                                    


[Zawgyi]

ကမ္ဘာပျက်ကပ် ၏အမျိုးသားဇာတ်လိုက်ကဒီမှာ (အပိုင်း 3)

အနက်ရောင်မီးခိုးငွေ့များ လေယာဉ်မှထွက်လာချိန်ဆံပင်နီနဲ့ အမျိုးသားသည် အရှိန်မြှင့်စက်ကို ဆောင့်ကန်ကာ စွန့်ပစ်ထားသော မိုင်းတွင်းထဲသို့ လျင်မြန်စွာဝင်ကာ မြေအောက်အခြေစိုက်စခန်း၏ တံခါးကို အဝေးမှဖွင့်ကာ လေယာဉ်လုံးဝ မပျက်စီးမီ အထဲသို့အပြေးဆင်းသက်ခဲ့သည်။

ဆင်းသက်ပြီးတာနဲ့ လေယာဉ်ပေါ်ရှိ ဒိုင်ခွက်အားလုံး ချက်ချင်းပျက်ဆီးသွားပြီး အလုပ်မလုပ်တော့ပေ။ ဆံပင်နီနဲ့လူသည်အလုပ်စားပွဲပေါ်မှာ တံတောင်ဆစ်များကိုထောက်လိုက်ပြီး နဖူးကိုဖိထားကာ အကြာကြီး ငြိမ်သက်စွာထိုင်နေသည်။
နောက်ဆုံးတွင် အနောက်ဘက်မှ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာရာ အံကြိတ်နေလျက်ဖြင့် စကားလုံးအချို့ကို ညှစ်ထုတ်လိုက်သည်။

"ဒီကနေထွက်သွားကြ"

“…..........”

လေယာဉ်နံရံကို တစ်ချက်မှုတ်ရုံဖြင့် အရည်ပျော်စေခဲ့သော ဆံပင်ဖြူရောင်နှင့် Angelလေးသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် သူ၏လက်ချောင်းထိပ်ပေါ်ရှိ အလင်းရောင်ကို ငြိမ်းစေပြီး လေယာဉ်ပေါ်မှ ဆင်းရန်ရွေးချယ်ကာ အန္တရာယ်အပျက်ဆီးမရှိသောတစ်ခုတည်းသော ရေကန်လေးကို တွန်းလိုက်သည်။
မထွက်ခင်မှာ သူက တိုးတိုးလေးပြောလိုက်သည်။
"တောင်းပန်ပါတယ်"

ဟောင်ဝူလင်း သည် ခေါင်းငုံ့ကာ ရယ်မောလိုက်ပြီး နောက်ဆုံးတွင် လှည့်ပတ်ပျံသန်းနေသော နတ်ဆိုးများကို ဖယ်ထုတ်လိုက်ကာ သူ၏လက်များကို ဘောင်းဘီအိတ်ကပ်ထဲထည့်၍ ခုန်ဆင်းသွားကာ အနီရောင်ဆံပင်နဲ့အမျိုးသားသည်နောက်တွင်သာ ကျန်နေခဲ့ပြီး ထိုလူသည် တစ်ယောက်တည်းထိုင်နေပြီး ခဏအကြာတွင် ခေါင်းကို တောင့်တင်းစွာလှည့်ကြည့်လိုက်ရာ
လေယာဉ်လေးသည်လုံးဝပျက်ဆီးလုနီးပါးဖြစ်နေတာကိုတွေ့လိုက်ရသည်။

ကျိနင် သည် ရေကန်ထဲတွင် ထိုင်နေပြီး လေယာဉ်ပေါ်မှ ဆင်းလာသောအခါ ဂရုတစိုက်ကြည့်လိုက်ရာ ပြောင်းလဲနေသော မြေအောက်အခြေစိုက်စခန်းကို တွေ့လိုက်ရသည်။ ဤနေရာသည် မူလက စွမ်းအင်ကျောက်များကို တူးဖော်ခဲ့သောမိုင်းတွင်းဖြစ်သည်။
ဒုတိယဇာတ်လိုက်သည် ဈေးနှုန်းချိုသာစွာဖြင့် လွှဲပြောင်းရယူပြီးနောက် ၎င်းကို အကျယ်တဝင့် ပြန်လည်မွမ်းမံခဲ့ပြီး ၎င်းနေရာသည် အစောပိုင်းအဆင့်တွင် သူနှင့် Arkအတွက် အဓိက လှုပ်ရှားမှုအခြေစိုက်နေရာတစ်ခုလည်းဖြစ်သည်။ ဒုတိယဇာတ်လိုက်အမျိုးသားသည် ဤနေရာတွင်  ခေတ်နောက်ကျနေစေသည့် အသွင်အပြင်ကို ဂရုမစိုက်ဘဲအလှဆင်ထားသည်။ မူရင်းစာအုပ်ကိုဖတ်ပြီးနောက်ကျိနင် သည် ဤနေရာတွင်ပြောင်းလဲမှုသည် အလွန်ဆန်းပြားပြီး ခိုင်ခံ့မှုရှိသည်ကို သိလိုက်သည်။
ဘေးကင်းမှုမှာ အလွန်မြင့်မားပြီး အမျိုးမျိုးသောနောက်ဆုံးပေါ်လက်နက်များတပ်ဆင်ထားသည်ကို သိလိုက်ရသည်။ ပြီးတော့ စက်ယန္တရားတွေကို ဖြိုဖျက်ဖို့ဆိုရင် ပိုက်ဆံအများကြီးကုန်နိုင်တယ်။ လေယာဉ်အရည်အသွေးလည်း ထိပ်တန်းဖြစ်ပေမဲ့ Arkနှင့် ဟောင်ဝူလင်း တို့ကြောင့် ပျက်စီးသွားသည်.......

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးနောက်လွတ်မြောက်ဖို့ကျရှုံးခြင်း(ဘာသာပြန်)Where stories live. Discover now