🐻1🐻

6.5K 251 27
                                    

Unicode

"ထယ်ယောင်း...ဒီအလုပ်ကိုပြီးအောင်လုပ်ထားလိုက်..."

"မနက်ဖြန်အပြီးဆို...ဒီနေ့ဘယ်လိုဖြစ်သွားတာလဲ..."

"CEOကဒီနေ့လာမယ်ပြောလို့လေ..."

"ဗ်ာ...မနက်ဖြန်မှလာမှာဆို..."

"အခုပဲ...ငါ့ကိုဖုန်းဆက်တယ်...ညနေကျပြန်လာမှာမို့ အလုပ်တွေအကုန်လက်စသတ်ထားပါတဲ့..."

အဖွဲ့မှူးအပြောကြောင့် ထယ်ယောင်း ခေါင်းနပန်းကြီးသွားလေသည်။

ထယ်ယောင်းသည် မနေ့ကမှ အင်တာဗျုးအောင်၍ lanjk brand company မှာအလုပ်ရခြင်းဖြစ်သည်။

ထယ်ယောင်းသည် ဒီဇိုင်းဆွဲတဲ့အပိုင်းကို တာဝန်ယူထားတာဖြစ်ပြီး CEOက ငယ်တယ်ပြောပေမဲ့ တစ်ခါမှ မမြင်ဖူးပါ...အခုလဲ ထယ်ယောင်းအပြီးသတ်ဆွဲရမည့် ဒီဇိုင်းက မနက်ဖြန်မှထပ်ရမည်ဆိုသောကြောင့်...အေးဆေးလုပ်နေမိတာ...အခုတော့ ညေနက် ထပ်ရမယ်ဆိုသောကြောင့် ထယ်ယောင်း...အမြန်လုပ်နေရလေသည်။

ထယ်ယောင်းလဲ ဒီဇိုင်းကို အပြီးသတ်ပြီး လက္ပတ္နာရီကို တစ်ချက်ကြည့်လိုက်တော့ ညနေ၃နာရီဖြစ်နေလေပြီ...ဒီဇိုင်းကလဲ ဆွဲပြီးပြီဖြစ်သောကြောင့်... အကြောဆန့်ကာ...ကုတ်အားသေချာပြင်ပြီး အဖွဲ့မှူးစီသွားလိုက်လေသည်။

"ကျွန်တော်ပြီးပြီး...အဆင်ပြေလားကြည့်ပေးပါအုံး..."

"ငါ့ကိုကြည့်ခိုင်းရမှာမဟုတ်ဘူး...CEOကိုကွညျ့ခိုငျးရမှာ..."

"Ceoက ဘယ်မှာလဲ...အဖွဲ့မှူး..."

"ခနနေလာတော့မှာ...ပြီးတော့...ငါ့ကို အဖွဲ့မှူးလို့မခေါ်ပဲ...ပေါ့ပေါ့ပါးပါး...ဟျောင်းပဲခေါ်..."

"nae..."

"အဲ့ဒါဆို မင်းခနနားလိုက်လေ...Ceoလာရင် ငါခေါ်လိုက်မယ်..."

"nae..."

ထယ်ယောင်းလဲ မနက်၉နာရီထဲက စဆြဲရေသာ ဒီဇိုင်းက ၃နာရီမှာပြီးသောကြောင့်...တခုခုဝယ်စားရန်...Company အောက်ဆုံးထပ်က...စားသောက်ဆိုင်စီ...ဓာတ်လှေကားဖြင့်ဆင်းလာလိုက်လေသည်။

မြေညီထက်ရောက်တော့ ဓာတ်လှေကားက ရပ်သွားသဖြင့်...ထယ်ယောင်းထွက်ရန်...တံခါးဖွင့်လိုက်ချိန်... ဝတ်စုံအပြည့်ဖြင့် ခန့်ညားသောအတွင်အပြင်နဲ့ လူတစ်ယောက်က...ထယ်ယောင်းအား...ယုန္သြားများပေါ်အောင် ရီပြသောကြောင့် ထယ်ယောင်းပင် သူ့အနောက်မှာ လူတစ်ယောက်ယောက်ရှိလားကြည့်မိလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now