🐻2🐻

3.1K 162 18
                                    

Unicode

"ဂျွန်းလေး...ပါးစီလာပါဉီး..."

ထယ်ယောင်းသည် Company ကပြန်ရောက်ရောက်ခြင်း...အိမ်ပေါက်ဝတွင်...သူ့အားစောင့်နေပါသော...ဂျွန်းလေးကြောင့်...ဂျွန်းလေးအားခေါ်လိုက်လေသည်။

"ပါး..."

၃နှစ်အရွယ် ဂျွန်းလေးက စကားလဲအများကြီးပြောသလို အလည်လေးပင်ဖြစ်သည်။...ပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးက ထယ်ယောင်းလို့အညိုလေးပင်ဖြစ်ပြီး...ဆံပင်အညိုအဖြောင့်လေးနဲ့ဖြစ်လေသည်။

"ပါး...ပြန်လာပြီ...ဂျွန်းလေးကဘာစားပြီးပြီးလဲ..."

"ထမင်း...မေမေက ကျွေးထားတယ်..."

ဂျွန်းလေးအပြောကြောင့် ထယ်ယောင်းသည် ချယ်ရီကိုကြည့်ကာ...။

"ဂျွန်းလေးကို ကြည့်ရလို့ ချယ်ရီလေးလဲ ပင်ပန်းသွားပြီပဲ...ကိုယ်ကမုန့်တွေဝယ်လာတယ်...တူတူစားရအောင်နော်..."

"ဟုတ်..."

ထယ်ယောင်းလဲ ချယ်ရီနဲ့ ထယ်ဂျွန်းလေးနဲ့အတူ သူဝယ်လာသော မုန့်အား တူတူစားပြီး...ချယ်ရီလက်ထဲ ဂျွန်းလေးကိုထားခဲ့ကာ...ရေချိုးဖို့ထွက်သွားလေသည်။

ချယ်ရီကတော့ ဂျွန်းလေးနဲ့ဆော့နေလေသည်။

ထယ်ယောင်းသည် ရေချိုးခန်းထဲရောက်တော့ ရေပန်းကိုဖွင့်ကာ...ဒီနေ့တနေကုန်ပင်ပန်းခဲ့ရတာတွေကို ရေအေးအေးလေး ချိုးချကာ...ဖြေဖျောက်လေသည်။

ထယ်ယောင်းသည် နို့နဲ့လုပ်ထားတဲ့ဆပ်ပြာရည်လေးကို လက်ထဲထည့်ကာ...ရွှေအိုရောင်အသားအရည်ပေါ်တွင် နေရာအနှံ့ပွတ်တိုက်လေသည်။

ပြီးတော့ ရေချိုးချလိုက်ပြီး...သူသုံးနေကျ စတော်ဘယ်ရီ မျက်နှာသစ်ဆေးအား...လက်ထဲတွင်အနည်းငယ်ထည့်ပြီး အမြုပ်ထွက်အောင် ပွတ်ပြီး ဖြူဖွေးနုဖတ်နေသော အသားအရည်ပေါ်တွင်ပွတ်တိုက်လေသည်။

အားလုံးပြီးသွားတော့ Bathrobeလေးဝတ်ကာ ရေချိုးခန်းထဲက ထွက်လာလေသည်။

ထယ်ယောင်းသည် ရေချိုးပြီး​တော့ ညအိပ်ဝတ်စုံ ချည်သားဝမ်းဆက်လေးအား ဝတ်ကာ ညစာစားရန် အခန်းပြင်ဘက်သို့ ထွက်လာလိုက်လေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Où les histoires vivent. Découvrez maintenant