🐻5🐻

2.4K 142 38
                                    

Unicode

ထယ်ယောင်းတစ်ယောက် မနက်စောစီးထကာ ရေမိုးချိုးပြင်ဆင်ပြီး ဒယ်ဂူဘက်က ဒီဇိုင်းနာတစ်ယောက်ကို သွားခေါ်ရမှာဖြစ်သည့်အတွက် ထယ်ယောင်း သေချာပြင်ဆင် နေလေသည်။

ဒေါက်...ဒေါက်...။

"ဝင်ခဲ့...ချယ်ရီ..."

"အစ်ကို...ချယ်ရီတစ်ခုမေးစရာရှိပါတယ်...ချယ်ရီမေးတာကို...စိတ်မဆိုးပါနဲ့နော်..."

"အင်းပြောလေ...ချယ်ရီ..."

"ချယ်ရီကို မထားခဲ့ဘူးမလား...အစ်ကို..."

"ကိုယ်က ချယ်ရီကိုဘာလို့ထားခဲ့ရမှာလဲ..."

"ဒီတိုင်းပဲ...ထင်မိလို့ပါ..."

"ထင်မိတဲ့ အကြောင်းအရင်းတော့ ရှိမှာပဲ..."

"အင်းရှိတာပေါ့...အစ်ကို..."

"ပြောကြည့်လေ..."

"အစ်ကို...ချယ်ရီလေ..."

"အင်း..."

"အစ်ကို့ သူဌေးကလေ...အစ်ကို့ကိုကြိုက်နေတယ်လို့ထင်မိလို့ပါ..."

"ချယ်ရီ...မင်းဘာတွေပြောနေတာလဲ...Ceoက ငါမိန်းမရှိတယ်ဆိုတာလဲ...သိသလို့...ငါ့မှာကလေးရှိတယ်ဆိုတာလဲ...သူသိပါတယ်...မဟုတ်တာတွေ လျှောက်မပြောနဲ့... "

ထယ်ယောင်းသည် ချယ်ရီက စိတ်မဆိုးနဲ့ပြောပေမဲ့ ချယ်ရီအား စကားမပြောတော့ပဲ...ဂျွန်းလေးအားချီကာ ရုံးသို့သာထွက်လာလိုက်တော့သည်။

ချယ်ရီစိတ်ထဲ ဘာကြောင့်ဒီလိုထင်လဲ ထယ်ယောင်းမသိပေမဲ့ Ceoအားအခုလိုပြောတာက Ceoအတွကမလဲ မကောင်းသလို့ ထယ်ယောင်းအတွက်လဲ မကောင်းပါ...ချယ်ရီပြောတာက သူမကိုမထားခဲ့ဘူးမလားဆိုတော့...ထယ်ယောင်းကပဲ ချယ်ရီကို ထားခဲ့ကာ Ceoနောက်လိုက်တော့မလို ပြောနေသောကြောင့် ဒေါသထွက်မိခြင်းမိချင်းဖြစ်သည်။

ထယ်ယောင်းလောက် အရှုပ်အရှင်းကင်းအောင် နေတာထယ်ယောင်းပင်...အဲ့ဒါကိုသူမက ထင်ရက်သည်လေ...။

ထယ်ယောင်းလဲ ချယ်ရီပြောတာကိုတွေးနေရင်း အလုပ်စားပွဲမှာထိုင်နေလေသည်။

ဂျွန်းလေးက ထယ်ယောင်း ပေါင်ပေါ်မှာထိုင်နေရင်း...။

"ပါး..."

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now