🐻11🐻

1.8K 112 14
                                    

Unicode

ထယ်ယောင်းသည် စောစောထကာပင် ရေမိုးချိုးပြီး ဂျွန်းလေးအား မနက်စာကျွေးကာ ဂျွန်းလေးနဲ့ချယ်ရီအား လိုက်ပို့ရန် ပြင်ဆင်လိုက်လေသည်။

ချယ်ရီနဲ့ ဂျွန်းလေးအား လိုက်ပို့ပြီးတာနဲ့ ကုမ္ပဏီသို့ သွားလိုက်လေသည်။

ထယ်ယောင်းလဲ မနေ့က ဂျောင်ဂုဝယ်ပေးထားသော ဝတ်စုံအားဝတ်ကာ ဂျောင်ဂုအခန်းတံခါးအား ခေါက်လိုက်လေသည်။

ဒေါက်...ဒေါက်...။

" ဝင်လာခဲ့ပါ..."

အထဲက ဂျောင်ဂုရဲ့ ပြန်ထူးသံကြားမှ ထယ်ယောင်း ဝင်သွားလိုက်လေသည်။

ဂျောင်ဂုသည် ဝင်လာသော သူ့အားဘာမှပြန်ပြောချင်းမရှိပဲ ထယ်ယောင်းအား အပေါ်အောက် ကြည့်ကာ ပါးစပ်အဟောင်းသားနဲ့ပင်...။

"ခုနနေရင် သွားရမယ်လေ Ceo ဘာမှမပြင်ဆင်သေးဘူးလား..."

"ဟမ်..."

" ဝတ်စုံဝတ်တော့လေ..."

"လှတယ်..."

"ဟမ်?..."

"ထယ်ယောင်း...ခင်ဗျားက အရမ်းလဲလှပြီး...အရမ်းလဲချောနေတယ်...ဘာလို့အဲ့လောက်ပြည့်စုံနေရတာလဲ..."

ဂျောင်ဂုရဲ့ ရုတ်တရက်ဆန်ဆန် အပြောကြောင့် ထယ်ယောင်းရဲ့ ပါးလေးနှစ်ဖက်ပါ ပူသွားပြီး ရဲတက်သွားလေသည်။

ဂျောင်ဂုသည် သူ့မျက်စိရှေ့က ပါးနှစ်ဖက်ရဲကာ ရှက်နေသော ကလေးအဖေလေးအား ကြည့်ကာ အသဲယားလွန်း၍ ဆွဲဖက်နမ်းချင်စိတ်ပါပေါက်လာသည်။

ဟင့်အင်း သူ့စိတ်ကို သူပြန်လျော့ရမယ် ထယ်ယောင်းကို သူမပိုင်ဘူး ထယ်ယောင်းကညအိမ်ထောင်ရှိတယ်...။

ဂျောင်ဂုသည် သူ့စိတ်သူ အကြိမ်ကြိမ် သတိပြန်ပေးလိုက်ပြီး...။

"ကျွန်တော်လဲ အဝတ်လဲလိုက်အုံးမယ်..."

ထိုသို့ ဂျောင်ဂုပြောပြီး ဂျောင်ဂုအခန်းထဲတွင်ရှိသော အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။

ထယ်ယောင်းကတော့ ဂျောင်ဂုရုံးခန်းထဲက.ခုံပေါ်မှာထိုင်ကာ စောင့်နေလေသည်။

မကြာခင်မှာပင် ဂျောင်ဂုသည်လဲ ထယ်ယောင်းနဲ့ တစ်ပုံစံထဲတူပြီး အရောင်သာကွဲသော အနောက်တိုင်းဝတ်စုံကို ဝတ်လာလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now